၃၀. ၉. ၂၀၂၅
Written by MMAK
◾ကိုင်ရတ် Vs ရီးရဲမက်ဒရစ်
အိမ်ဖြည့်အသင်းလေး ကိုင်ရတ်က ပထမပွဲမှာ စပို့တင်းကို ဂိုးပြတ်ရှုံးခဲ့ပြီး ရီးရဲကတော့ မာဆေးကို ကပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲအသင်းက ဘော်ဒီကြေး သုံးလုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးငါးဆယ်စား ပေါက်ပါတယ်။ ရီးရဲအသင်းအနေနဲ့ အရန်ကစားသမားအချို့ကို ပွဲထုတ်လာရင်တောင် နှစ်ဂိုးပြတ်လောက်က သေချာပေါက် အနိုင်ရမှာ ဖြစ်တာကြောင့် ဂိုးပြတ်ကန်ချင်လည်း ရသလို ထိန်းကန်သွားလို့လည်း ရပါတယ်။ ကာဇက်စတန်ကို သွားခဲ့တဲ့ ရီးရဲအသင်းရဲ့ ကစားသမားစာရင်းမှာ အဓိက ကစားသမားတွေ အစုံအလင်ပါဝင်နေတာတွေ့ရသလို အမှတ်ပေးပွဲမှာ အသလက်တီကို အသင်းကို ဂိုးပြတ်ရှုံးခဲ့တဲ့ ရီးရဲအသင်းအနေနဲ့ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားမယ် ထင်ပါတယ်။ ကိုင်ရတ်နဲ့ စပို့တင်းတို့ ကစားတဲ့ပွဲမှာဆို ကိုင်ရတ်ခံစစ်က စုတ်ပြတ်နေပြီး တစ်ဂိုးပေးလိုက်ရတာနဲ့ ခံစစ်ပြဲဆင်းသွားသလို စပို့တင်းလို အသင်းကိုတောင် ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ရီးရဲတိုက်စစ်ကို ကိုင်ရတ်ခံစစ် ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘဲ ရီးရဲသွင်းချင်ရင် ကြေးအောင်မှာ ဖြစ်ပြီး ရီးရဲထိန်းရင်တော့ ကြောက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသင်းလေးကို ရီးရဲအသင်းသုံးဂိုးပြတ်တော့ နိုင်သွားမယ် ထင်ပါတယ်။
◾အတ္တလန်တာ Vs ကလပ်ဘရုဂ်
ပထမပွဲမှာ အတ္တလန်တာက PSG ကို ဂိုးပြတ်ရှုံးခဲ့ပြီး ကလပ်ဘရုဂ်က မိုနာကိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အတ္တလန်တာက PSG ကို ဂိုးပြတ်ရှုံးတဲ့ပွဲမှာ အတ္တလန်တာအသင်းရဲ့ ခြေစွမ်းက စုတ်ပြတ်နေပြီး စီးရီးအေမှာလည်း ရလဒ်တွေသိပ်မကောင်းပါဘူး။ နည်းပြကြီး ဂတ်စပါရီနီ ထွက်ခွာပြီးနောက်ပိုင်း ခြေစွမ်းပိုင်း ကျဆင်းသွားသလို ထိပ်တန်းကစားသမားတွေ မရှိတော့တဲ့အချက်ကလည်း အတ္တလန်တာအသင်းရဲ့ ခြေစွမ်းပိုင်းကို ထိခိုက်စေပါတယ်။ မိုနာကိုနဲ့ကစားခဲ့တဲ့ ကလပ်ဘရုဂ်ရဲ့ ခြေစွမ်းကတော့ အရမ်းကို ကောင်းနေပြီး အဓိကအနေနဲ့ တိုက်စစ်ပိုင်းက ဂိုးရဖို့ စိတ်ချရပါတယ်။ ဒီပွဲစဥ်မှာ အတ္တလန်တာအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဒီနှစ်သင်းက အရင်နှစ် ချန်ပီယံလိဂ်မှာလည်း တွေ့ဆုံခဲ့ပြီး နှစ်ကျော့စလုံးကို ကလပ်ဘရုဂ်ကဘဲ အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ ပထမပွဲရှုံးထားတဲ့ အတ္တလန်တာအသင်း တိုက်စစ်ဖွင့်ကစားရင် ကလပ်ဘရုဂ်အသင်း သေချာပေါက် ဂိုးရပါလိမ့်မယ်။ ပေါက်ကြေးအရလည်း ကလပ်ဘရုဂ်အသင်း ဂိုးရဖို့များနေတာကြောင့် အောက်အသင်းဖြစ်တဲ့ ကလပ်ဘရုဂ်ကို ကြိုက်ပါတယ်။

◾ချဲလ်ဆီး Vs ဘင်ဖီကာ
ချဲဆီးအသင်းက ပထမပွဲမှာ ဘိုင်ယန်ကို ဂိုးပြတ်ရှုံးခဲ့ပြီး ဘင်ဖီကာအသင်းက ကွာရာဘတ်ကို အိမ်ကွင်းမှာတင် ရှုံးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ နောက်ခံလူတွေနဲ့ ကိုးပါးလ်မားတို့ ဒဏ်ရာပြဿနာကြောင့် မပါနိုင်ပါဘူး။ ဘင်ဖီကာအသင်းက ကွာရာဘတ်ကိုရှုံးခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ နည်းပြဟောင်း ဟိုဆေးမော်ရင်ညိုကို နည်းပြသစ် ခန့်အပ်ထားပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ပထမပွဲမှာ နှစ်သင်းလုံး ရှုံးပွဲတွေ့ထားတဲ့အတွက် နိုင်ပွဲရဖို့ကြိုးစားလာနိုင်ပြီး အရှုံးအနိုင်အဖြေပေါ်သွားမယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးအသင်းက တိုက်စစ်ကောင်းပေမဲ့ ခံစစ်ညံ့တဲ့အတွက် ဂိုးရနိုင်သလို သွင်းဂိုးလည်း ခွင့်ပြုရဖို့များပါတယ်။ ပေါက်ကြေးအရ အထက်ကြေးချဲလ်ဆီးအသင်း အနိုင်ရသွားနိုင်သလို ဂိုးပေါ်လည်း ဖြစ်သွားနိုင်ပြီး အထက်ကြေးနှစ်ခုထဲက တစ်ခုတော့ သေချာပေါက် အနိုင်ရသွားမယ် ထင်ပါတယ်။ ရှုံးပွဲတွေ့ထားတဲ့ ဘင်ဖီကာအသင်းလည်း ဂိုးရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ကြိုက်ပါတယ်။
◾ဂါလာတာစာရေး Vs လီဗာပူး
ဂါလာတာစာရေးက ပထမပွဲမှာ ဖရန့်ဖတ်ကို ဂိုးပြတ်ရှုံးခဲ့ပြီး လီဗာပူးအသင်းက အသလက်တီကိုအသင်းကို နောက်ကျဂိုးနဲ့ ကပ်နိုင်ခဲ့ပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဂါလာတာစာရေးက တူရကီလိဂ်မှာ အရမ်းကောင်းနေခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးရဖို့ စိတ်ချရတဲ့အတွက် အိမ်ကွင်းပွဲမှာ သေချာပေါက် ဂိုးရမယ်လို့ ထင်ပါတယ်။ လီဗာပူးခံစစ်က စိတ်မချရတဲ့အတွက် အိမ်ရှင်ကို သေချာပေါက် ဂိုးပေးရဖို့ ရှိနေတဲ့အတွက် ဂါလာတာစာရေးအသင်းသာ တစ်ဂိုးရသွားရင် လီဗာပူးအသင်းအနေနဲ့ သုံးဂိုးသွင်းမှ ကြေးအောင်တော့မှာ ဖြစ်ပါတယ်။ အိမ်ရှင်အောက်ကြေးနေရမှာ ဖြစ်သလို ဂါလာတာစာရေးအသင်းလည်း ဂိုးရမယ်လို့ ယူဆထားတာကြောင့် အိမ်ရှင်အသင်းကို ကြိုက်ပါတယ်။

◾ဘိုဒိုဂလင့် Vs စပါး
နော်ဝေးကလပ် ဘိုဒိုဂလင့်က အိမ်ကွင်းကောင်းသလို တိုက်စစ်လည်း ကောင်းတဲ့အပြင် အိမ်ရှင်ပရိတ်သတ်အားလည်း အတော်ကောင်းပါတယ်။ စပါးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အရမ်းများနေပြီး နော်ဝေးမြေမှာ သေချာပေါက် ရုန်းကန်ရနိုင်ပါတယ်။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ ဒီပေါက်ကြေးအရ အိမ်ရှင်ဘိုဒိုဂလင့်အသင်း သေချာပေါက် ဂိုးရဖို့ရှိနေသလို ရိုမဲရိုးမပါနိုင်တဲ့ ခံစစ်ပိုင်းက စိတ်မချရတာကြောင့် အိမ်ရှင်အသင်း တစ်ဂိုးထပ်ပိုပြီးတောင် ရသွားနိုင်ပါတယ်။ ပထမပွဲနိုင်ထားတဲ့ စပါးအသင်းအနေနဲ့ ဘိုဒိုကွင်းမှာသရေလောက်ရထားရင်ကို ကျေနပ်စရာဖြစ်ပါတယ်။ စပါးအသင်းမှာ ပထမပွဲထွက်ကစားသမားတွေပြီးရင် နောက်ထပ်ထည့်စရာ ကစားသမားကောင်းတွေ မကျန်တဲ့အချက်ကြောင့် နော်ဝေးမြေမှာ သရေရရင်တောင် ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါ။ ဒီပွဲစဥ်မှာ အိမ်ရှင်အသင်းမရှုံးနိုင်ဘူးလို့ ယူဆထားတဲ့အတွက် ဘိုဒိုဂလင့်ဘော်ဒီ ကြိုက်ပါတယ်။
◾ပါဖို့စ် Vs ဘိုင်ယန်မြူးနစ်
ပါဖို့စ်က ပထမပွဲမှာ တစ်ယောက်ထုတ်နဲ့ကို သရေကစားနိုင်ခဲ့ပြီး ဘိုင်ယန်ကတော့ နိုင်ပွဲရခဲ့ပါတယ်။ ပါဖို့စ်အနေနဲ့ ဘိုင်ယန်အသင်းကို ဘယ်လိုမှယှဥ်ကစားနိုင်မှာ မဟုတ်ဘဲ ခံစစ်ပိတ်ကစားရုံသာ ရှိပါတယ်။ ဒီပွဲစဥ်မှာ ဘိုင်ယန်အသင်းက ဘော်ဒီကြေး နှစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအရှုံးပေါက်ပါတယ်။ ဘိုင်ယန်အသင်းဘဲ အနိုင်ရသွားဖို့များပေမဲ့ ဂိုးပေါင်းကြေးနဲ့ ဘော်ဒီကြေး မမျှတဘဲ ကပ်နိုင်သွားနိုင်တဲ့ အနေအထားမျိုး တွေ့ရပါတယ်။ ဘော်ဒီကြေးအနည်းငယ် ကျဆင်းလာတာ တွေ့ရပြီး ခံစစ်ကောင်းတဲ့ ပါဖို့စ်အသင်းကြောင့် ဘိုင်ယန်အသင်း ကပ်နိုင်သွားနိုင်ပေမဲ့ ဂိုးပေါင်းကြေး ပြန်ထိန်းသွားမယ်လို့ ထင်ပါတယ်။ ဒီညမှာ အသင်းကြီးတွေ အားလုံး ကြေးအောင်မယ်လို့ မထင်ဘဲ ထိန်းသင့်တဲ့အသင်းတွေ ထိန်းကြမယ်ဆိုရင် ကြေးကျလာတဲ့ ဘိုင်ယန်အသင်းက ထိန်းသွားမယ် ထင်ပါတယ်။ ဘိုင်ယန်အသင်း ကပ်နိုင်သွားပြီး ဂိုးပေါင်းကြေး ပြန်ထိန်းမယ်လို့ ယူဆတာကြောင့် ဂိုးအောက် ကြိုက်ပါတယ်။
