၁၆. ၉. ၂၀၂၅
Written by Mmak
◾ ဘီဘာအို Vs အာဆင်နယ်
စပိန်ကလပ် ဘီဘာအိုဟာ နောက်ဆုံးနှစ်ပွဲဆက် ရှုံးထားပြီး ခြေစွမ်းအကျဘက်ရောက်နေသလို တောင်ပံကစားသမား နစ်ကိုဝီလျံလည်း မပါနိုင်တာ တွေ့ရပါတယ်။ အာဆင်နယ်မှာလည်း ဆာကာနဲ့အိုဒီဂတ်မပါနိုင်တာတောင် ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စားနဲ့ ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ ဘီဘာအိုကွင်းမှာ တစ်လုံးစားအထိ ပေးထားတဲ့ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက ကြေးပြင်းတယ်လို့ ပြောလို့ရပြီး နိုင်ကြေးလို့တောင် ယူဆလို့ ရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ သရေအရှုံးလောက်သာ ပေါက်သင့်တဲ့အနေအထားမှာ တစ်လုံးစားပေးထားပေမယ့် အာဆင်နယ်ကိုပဲ ကြိုက်ပါတယ်။ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရ အာဆင်နယ်အသင်း အနိုင်ရသွားမှာပါ။
◾ PSV VS ယူနီယံစိန့်
နယ်သာလန်ကလပ် PSV အသင်းနဲ့ ဘယ်လ်ဂျီယံကလပ် ယူနီယံအသင်းတို့ ထိပ်တိုက်တွေ့နေတာဖြစ်ပြီး ယူနီယံအသင်းက ချန်ပီယံလိဂ်မှာ သမ္ဘာနုတဲ့အသင်းဖြစ်ပါတယ်။ PSV အသင်းက နှစ်တိုင်းလိုလို ချန်ပီယံလိဂ်ကန်ခွင့်ရနေသလို အိမ်ကွင်းဖြစ်နေတာတောင် ဘော်ဒီကြေးကို သရေအရှုံးသာ ပေးထားပြီး ဂိုးပေါင်းကြေးက သုံးလုံးသုံးဆယ်စားဆိုပြီး ကြေးပေါက်နေပါတယ်။ PSV အနေနဲ့ တစ်လုံးစားလောက်ထိ ပေါက်သင့်တာဖြစ်ပေမဲ့ ယူနီယံအသင်းရဲ့ ခြေစွမ်းကလည်း လျှော့တွက်လို့မရတဲ့ အနေအထားမှာ ရှိပါတယ်။ ဂိုးပေါင်းကြေးအရ အဝေးကွင်းယူနီယံအသင်း ဂိုးရနိုင်တဲ့ ပေါက်ကြေးမျိုးဖြစ်ပြီး ယူနီယံအသင်းရဲ့ ပွဲစဥ်တွေကို ကြည့်ရှူရာမှာ တော်တော်ကောင်းတဲ့ ခြေစွမ်းမျိုး တွေ့ရတာကြောင့် အောက်အသင်းဖြစ်တဲ့ ယူနီယံအသင်း သရေလောက်ရသွားနိုင်တာကြောင့် ယူနီယံဘော်ဒီ ကြိုက်ပါတယ်။

◾ရီးရဲမက်ဒရစ် Vs မာဆေး
ဒီဇာဘီရဲ့မာဆေးအသင်းက အမှတ်ပေးပွဲ လေးပွဲကစားပြီးချိန်မှာ အိမ်ကွင်းနှစ်ပွဲကို ဂိုးပြတ်နိုင်ခဲ့ပြီး အဝေးကွင်းနှစ်ပွဲလုံး ရှုံးထားပါတယ်။ မာဆေးအသင်းက တိုက်စစ်အားသန်ပြီး ကစားပုံကောင်းတာ တွေ့ရပေမဲ့ အဝေးကွင်းခြေစွမ်းညံ့တဲ့အတွက် ရီးရဲကွင်းမှာ သိပ်မျှော်လင့်လို့မရပါဘူး။ အလွန်ဆိုရဲ့ ရီးရဲအသင်းက လာလီဂါလေးပွဲလုံး အနိုင်ရထားပြီး ခြေစွမ်းကလည်း တော်တော်လေး ကောင်းနေပါတယ်။ ဒီပွဲစဥ်မှာ ရီးရဲအသင်းက ဘော်ဒီကြေးတစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ အဝေးကွင်းညံ့တဲ့ မာဆေးကြောင့် ရီးရဲအသင်းနိုင်ဖို့များနေပြီး တစ်ဂိုးနဲ့နိုင်မလား နှစ်ဂိုးပြတ်နိုင်မလားဆိုတာပဲ စောင့်ကြည့်ရမှာပါ။ ချန်ပီယံလိဂ်ဆိုရင် အမှန်အကန်ကစားတတ်သလို အိမ်ကွင်းဘာနေဗျူးမှာ နှစ်ဂိုးပြတ်သွားမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးအရဆိုရင်လည်း ရီးရဲအသင်းဆီက အနိမ့်ဆုံးအနေနဲ့ နှစ်ဂိုးလောက်ထိ မျှော့်လင့်လို့ရတာကြောင့် ချန်ပီယံလိဂ်မာစတာကြီး ရီးရဲအသင်းကိုပဲ ရွေးရမှာပါ။

◾ဂျူဗင်တပ် Vs ဒေါ့မွန်
နှစ်သင်းလုံး ခြေစွမ်းကောင်းနေပြီး တိုက်စစ်ကလည်း အရမ်းကောင်းနေတာကို တွေ့ရပါတယ်။ အမှတ်ပေးလိဂ်တွေမှာ ဂျူဗင်တပ်က သုံးပွဲဆက်နိုင်ပြီး တိုက်စစ်က ခုနစ်ဂိုးသွင်းထားနိုင်သလို ဒေါ့မွန်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ ရဂိုးရှစ်ဂိုးအထိ ရှိပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ နှစ်သင်းလုံးက ခြေစွမ်းတူပေမဲ့ အိမ်ရှင်ဂျူဗင်တပ်အသင်းက နှာတဖျားပိုသာပါတယ်။ ဒီလိုပေါက်ကြေးတွေက အပေါ်စုံအောင်ဖို့ ခက်ပေမဲ့ ချန်ပီယံလိဂ်မှာ ပြောလို့မရတဲ့ အခြေအနေတွေ ရှိတာကြောင့် ဒီပွဲမှာ အထက်ကြေးတစ်ခု အောင်သွားမယ်လို့ ထင်ပါတယ်။ ဂျူဗင်တပ် ဘော်ဒီနဲ့ ဂိုးပေါ်မှာ အိမ်ရှင်ဂျူဗင်တပ်ကိုပဲ အကြိုက်တွေ့နေပြီး ဒေါ့မွန်အသင်းက ခံစစ်မကစားတတ်တဲ့အတွက် ခြေစွမ်းပိုကောင်းနေတဲ့ ဂျူဗင်တပ်အသင်း နိုင်သွားမယ်လို့ ထင်ပါတယ်။
◾ဘင်ဖီကာ Vs ကွာရာဘတ်
အဇာဘိုင်ဂျန်ကလပ် ကွာရာဘတ်အသင်းက ခြေစစ်ပွဲအဆင့်မှာ အသင်းသုံးသင်းလောက်ကို ဖြတ်ကျော်လာတာ ဖြစ်ပေမဲ့ ချန်ပီယံလိဂ်မှာတော့ အိမ်ဖြည့်အသင်းသာ ဖြစ်ပါတယ်။ ဘင်ဖီကာကလည်း ဖီနာဘာချီကို ဖြတ်ကျော်လာတာ ဖြစ်ပေမဲ့ သမ္ဘာရင့်တဲ့ အသင်းမျိုး ဖြစ်တာကြောင့် အသင်းငယ်လေးတွေဆီကနေ အမှတ်ပြည့်ရအောင် ကြိုးစားပါလိမ့်မယ်။ ဒီပွဲစဥ်မှာ ဘင်ဖီကာအသင်းက ဘော်ဒီကြေး နှစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက လုံးမမျှတဘဲ ဒီကြေးတွေက ဂိုးအောက်သွားတာ များပါတယ်။ ကွာရာဘတ်အသင်းအနေနဲ့ ဘင်ဖီကာကွင်းမှာတော့ ခံစစ်ပိတ်ကစားပြီး တစ်မှတ်လောက် ရထားရင်ကို ကျေနပ်ရမှာပါ။ ဘင်ဖီကာအသင်း တစ်ဂိုးနှစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားနိုင်ပြီး လေးဂိုးလောက်ထိ မရောက်နိုင်ဘဲ ကွာရာဘတ်အသင်းကလည်း တစ်ဂိုးရဖို့တောင် မလွယ်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾စပါး Vs ဗီလာရီးရဲ
သောမတ်ဖရန့်ရဲ့ စပါးအသင်းက အရင်ရာသီတွေကလို မဟုတ်ဘဲ စောင့်ကြည့်ချင်စရာကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာပါတယ်။ ဗီလာရီရဲအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး တိုက်စစ်အားသန်တဲ့ အသင်းမျိုးလည်း ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ စပါးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ တိုက်စစ်ကောင်းတဲ့ ဗီလာရီရဲအသင်း တစ်ဂိုးရမယ်ဆိုရင် အိမ်ရှင်စပါးလည်း သေချာပေါက် ဂိုးရပါလိမ့်မယ်။ စပါးအသင်းက ဂိုးမရတဲ့ပွဲ တစ်ပွဲဘဲရှိသလို ကျန်တဲ့သုံးပွဲမှာ တစ်ပွဲကို နှစ်ဂိုးနှုန်းသွင်းထားတာ တွေ့ရပါတယ်။ ဗီလာရီးရဲကလည်း လေးပွဲကစားပြီးချိန်မှာ သုံးပွဲလုံး ဂိုးရထားပါတယ်။ နှစ်သင်းလုံးက အရှုံးအနိုင်အဖြေပေါ်အောင် ကစားတတ်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ တစ်ဖက်တစ်ဂိုးစီလောက် ရသွားနိုင်တဲ့အတွက် ဂိုးပေါ်ရွေးတာ ပိုကောင်းပါတယ်။
