၁၄. ၉. ၂၀၂၅
Written by MMAK
◾ ဘန်လေ Vs လီဗာပူး
လီဗာပူးအသင်းက သုံးပွဲလုံး အနိုင်ရထားပြီး ကိုးမှတ်အပြည့်ရထားတယ်ဆိုပေမဲ့ ခံစစ်က ပေးဂိုးတွေ ခွင့်ပြုနေရတာ တွေ့ရတယ်။ ဘန်လေ ကတော့ တစ်ပွဲနိုင် နှစ်ပွဲရှုံးနဲ့ သုံးမှတ်ရထားပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး နှစ်လုံးရှစ်ဆယ်စားနဲ့ ဂိုးပေါင်းကြေး သုံးလုံး သုံးဆယ်အရှုံး ကြေးပေါက်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး မမျှတတဲ့ ဒီပွဲမှာ အောက်တစ်ခုတော့ သေချာပေါက် ပြန်စားနိုင်ပြီး ဘန်လေအသင်းဂိုးရသွားရင် ဘော်ဒီကြေးအောင်ဖို့မလွယ်သလို ဘန်လေဂိုးမရခဲ့ရင်တောင် လီဗာပူးတစ်သင်းတည်းကလည်း လေးဂိုးသွင်းပြီး အပေါ်စုံအောင်ဖို့ ခက်ပါတယ်။ လီဗာပူးအသင်းက အီဆတ်ကို ခေါ်ယူထားပေမဲ့ ပါဝင်နိုင်မှာ မဟုတ်ဘဲ ကြားရက်မှာလည်း အသလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေပါတယ်။ လီဗာပူးအသင်းအနေနဲ့ ဘန်လေအသင်းကိုတော့ သွင်းဂိုးပေးလိုက် ပြန်သွင်းလိုက် လုပ်နေမယ် မထင်ဘဲ အနိုင်သုံးမှတ်ရအောင် ထိန်းကစားပြီး ဂိုးပေါင်းကြေး ပြန်စားမယ်လို့ ထင်တာကြောင့် ဂိုးအောက်ကို ပိုကြိုက်ပါတယ်။ ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားလာမဲ့ ဘန်လေအသင်းကလည်း တစ်ဂိုးရဖို့တောင် ခက်မယ်ထင်တာကြောင့် ဂိုးအောက်ရွေးချယ်မှုက ပိုကောင်းပါလိမ့်မယ်။
◾မန်စီးတီး Vs မန်ယူ
မန်ချက်စတာဒါဘီပွဲစဥ်ဖြစ်ပြီး နှစ်သင်းလုံး ရလဒ်ကောင်းဖို့ ရုန်းကန်နေကြတာ တွေ့ရပါတယ်။ မန်စီးတီးအသင်းဆို နောက်ဆုံးနှစ်ပွဲဆက် ရှုံးခဲ့ပြီး တစ်ပွဲအနိုင်ရကာ သုံးမှတ်ဘဲ ရထားပါတယ်။ မန်ယူအသင်းကတော့ လေးမှတ်ရထားပြီး ခြေစွမ်းလည်း သိပ်မဆိုးတာကို တွေ့ရပါတယ်။ မန်စီးတီးအသင်းမှာ နောက်တန်းကစားသမားတွေ ဒဏ်ရာရနေပြီး တိုက်စစ်ပိုင်းမှာလည်း မာမွတ်၊ ချက်ကရီနဲ့ ဆာဗင်ညိုတို့ ဒဏ်ရာရနေတာကြောင့် တိုက်စ်ပိုင်းမှာ ရွေးချယ်စရာ နည်းပါးနေပါတယ်။ မန်ယူအသင်းမှာ ခြေစွမ်းပြနေတဲ့ ချူနာနဲ့ အမ်မိုရင်ရဲ့ စိတ်ကြိုက်ကစားသမား မေဆန်မောင့်တို့ မပါနိုင်သလို တိုက်စစ်မှူးသစ် ဆက်ဆန်ကိုတော့ အရန်ကစားသမားအဖြစ်သာ အသုံးပြုနေတာ တွေ့ရပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံး ပေါက်ပါတယ်။ မန်ချက်စတာဒါဘီအဖြစ် နောက်ဆုံးတွေ့ဆုံမှု နောက်ဆုံးရှစ်ပွဲမှာ လေးဂိုးရောက်တဲ့ပွဲ တစ်ပွဲသာ ရှိထားပေမဲ့ ဂိုးပေါင်းကြေး အနည်းငယ် ပြင်းရှနေတာကို တွေ့ရပါတယ်။ ဒီဂိုးပေါင်းကြေးဟာ နှစ်သင်းလုံး ဂိုးရနိုင်တဲ့ ပေါက်ကြေးဖြစ်ပြီး ရလဒ်ကောင်းဖို့ ကြိုးစားနေကြတဲ့ မန်ချက်စတာနှစ်သင်း အရှုံးအနိုင် အဖြေပေါ်သွားမယ်လို့ သုံးသပ်ထားပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ သုံးဂိုးလောက်ထိ မြင်တွေ့ရနိုင်တာကြောင့် ပြားတစ်ဆယ်ရင်းပြီး ဂိုးပေါ် နေပါမယ်။
◾မိုချန်ဂလာဘတ် Vs ဝါဒါဘရီမင်
ဂလာဘတ်အသင်းက နှစ်ပွဲကစားပြီးချိန်မှာ တစ်မှတ်သာရထားပြီး သွင်းဂိုးတစ်ဂိုးတောင် မရသေးပါဘူး။ ဝါဒါဘရီမင်ကလည်း နှစ်ပွဲကစားပြီးချိန်မှာ တစ်မှတ်သာရထားပေမဲ့ တိုက်စစ်က လေးဂိုးသွင်းပြီး ခံစစ်က ခုနစ်ဂိုးအထိ ပေးထားရပါတယ်။ ဒီပွဲမှာ ဂလာဘတ်အသင်းက ဘော်ဒီကြေး ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဝါဒါဘရီမင်က တိုက်စစ်ကောင်းတဲ့အတွက် ဂိုးရဖို့ မပူရသလို ခံစစ်ကလည်း သေချာပေါက် ဂိုးပေးရဖို့ ရှိနေပါတယ်။ ဂလာဘတ်ကလည်း အိမ်ကွင်းပွဲမှာ အမှတ်ရဖို့ ကြိုးစားလာနိုင်တာကြောင့် သေချာပေါက် ဂိုးရပါလိမ့်မယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံးမှု နောက်ဆုံးရှစ်ပွဲမှာ ခုနစ်ပွဲအထိ အပြန်အလှန်ဂိုးပေါ်ထားခဲ့သလို ဂိုးပေါင်းကြေးကလည်း သိသိသာသာ ပြင်းရှနေပါတယ်။ အစောပိုင်းကစားမဲ့ စိန့်ပေါ်လီပွဲကလည်း ဂိုးအောက်ဖြစ်ဖို့ ရာခိုင်နှုန်းများတာကြောင့် ဒီပွဲက ဂိုးပေါ်သွားဖို့ အကောင်းဆုံး ဖြစ်နေပါတယ်။ ပေါက်ကြေးအရ၊ အမှတ်ရရှိထားမှုနဲ့ ထိပ်တိုက်တွေ့ဆုံမှုအရ ဂိုးပေါ်ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။
◾ဘာစီလိုနာ Vs ဗလင်စီယာ
ဘာစီလိုနာအသင်းက သုံးပွဲကစားပြီးချိန်မှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ခုနစ်မှတ်ရထားပါတယ်။ သုံးပွဲမှာ တစ်ပွဲပဲ ကြေးအောင်ထားတဲ့အချက်ကိုကြည့်မယ်ဆိုရင် ထိုးသားအရမ်းများတဲ့ ဘာစီလိုနာဟာ ဒီလိုအကွက်တွေ အမြဲလိုလို ဖန်တီးတတ်ပါတယ်။ ဗလင်စီယာအသင်းကလည်း သုံးပွဲကစားပြီးချိန်မှာ လေးမှတ်ရထားတာသလို ခြေစွမ်းလည်း သိပ်မဆိုးတာကို တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ ဘာစီလိုနာအသင်းက ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးပေါက်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး သဟဇာတ မဖြစ်တာ တွေ့ရမှာ ဖြစ်ပြီး အောက်တစ်ကြောင်းတော့ သေချာပေါက် ပြန်စားပါလိမ့်မယ်။
ဘာစီလိုနာမှာ အဓိကခြေစွမ်းပြနေတဲ့ ယာမယ် မပါနိုင်သလို လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့လည်း ပါနိုင်ဖို့ မသေချာပါဘူး။ လမိုင်းယာမယ် မပါတာနဲ့တင် ဘာစီလိုနာဟာ ဂိုးပြတ်သွင်းဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာနေသလို တကယ်လို့ ဗလင်စီယာသာ တစ်ဂိုးရသွားရင် ဘာစီလိုနာအသင်း ကြေးအောင်ဖို့ ခက်သွားပါလိမ့်မယ်။ ဒီပွဲမှာတော့ ပေါက်ကြေးအရနဲ့ ဗလင်စီယာအသင်းရဲ့ ခြေစွမ်းခြေစကို သဘောကျတဲ့အတွက်ကြောင့် အောက်အသင်းဖြစ်တဲ့ ဗလင်စီယာဘော်ဒီကို ကြိုက်ပါတယ်။
◾ဆယ်တာဗီဂို Vs ဂျီရိုနာ
စပိန်လာလီဂါ အစောပွဲဖြစ်ပြီး ဂျီရိုနာအသင်းက သုံးပွဲကစားပြီးချိန်မှာ သုံးပွဲလုံး ရှုံးနိမ့်ပြီး ခံစစ်က ဆယ်ဂိုးအထိ ပေးထားရသလို တိုက်စစ်က တစ်ဂိုးသာ ပြန်ရထားပါတယ်။ ဆယ်တာဗီဂိုကတော့ လေးပွဲကစားပြီးချိန်မှာ နိုင်ပွဲလုံးဝ မရသေးဘဲ သုံးပွဲသရေ တစ်ပွဲရှုံးနဲ့ သုံးမှတ်ရထားပြီး တိုက်စစ်က သုံးဂိုးသာ သွင်းထားနိုင်ပါတယ်။ နှစ်သင်းပေါင်း ခုနစ်ပွဲသာ ကစားပြီးတယ်လို့ တွက်ကြည့်မယ်ဆိုရင် နှစ်သင်းပေါင်းသွင်းဂိုးကလည်း လေးဂိုးသာ ရှိပါတယ်။ ဒီလိုအချိန်မှာ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ တည်ငြိမ်နေတာ တွေ့ရပါပြီး လေးဂိုးသွင်းမှ ကြေးအပြည့်စားရမယ်ဆိုတဲ့ ဂိုးပေါင်းကြေးကို တွေ့ရပါတယ်။ လာလီဂါဆိုတာ အသင်းကြီးတွေကလွဲပြီး ဂိုးပေါင်းကြေး အရမ်းပျော့ပျောင်းတတ်ပေမဲ့ ဒီပွဲမှာတော့ ထူးထူးခြားခြား ဂိုးပေါင်းကြေး မြင့်မားနေပါတယ်။ ဒီနှစ်သင်းလုံးဟာ တိုက်စစ်အသားပေးကစားတတ်တဲ့ အချက်နဲ့ နိုင်ပွဲမရသေးတဲ့ အသင်းနှစ်သင်း နိုင်ပွဲရဖို့ ကြိုးစားလာနိုင်တဲ့ အချက်တွေကြောင့် ဂိုးပေါင်းကြေး ပြင်းရှနေတယ် ထင်ပါတယ်။ ပေါက်ကြေးကို အဓိကထားပြီး ရွေးချယ်ရမဲ့ ဒီပွဲမှာ ဘွတ်ကီတွေ မျှော်လင့်ထားသလို အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်ဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းများနေပါတယ်။
