၁၄. ၉.၂၀၂၅
Written by MMAK
◾အာဆင်နယ် 3-0 နော်တင်ဟန်ဖောရက်
- ဇူဘီမန်ဒီ 32′,79′
- ယိုကာရက် 46′
◾ပဲလေ့စ် 0-0 ဆန်းဒါးလန်း
◾နယူးကာဆယ် 1-0 ဝုဗ်
- ဗော်တီမာဒါ 29′
◾အဲဗာတန် 0-0 အက်စတွန်ဗီလာ
◾ဝက်ဟမ်း 0-3 စပါး
- ပါပီ ဆား 47′
- လူးကပ် ဘတ်ဘဲ 57′
- ဗန်ဒီဗန် 64′
◾ဘရန့်ဖို့ 2-2 ချဲလ်ဆီး
- ရှပ်ဒီ 35′
- ကာဗယ်ဟို 90+3′
- ကိုးလ် ပါးမား 61′
- ကိုင်စီဒို 85′
◾ အာဆင်နယ်အသင်းဟာ ပထမပိုင်းမိနစ်သုံးဆယ်ကျော်မှာ ဇူဘီမန်ဒီရဲ့ လှပတဲ့ Volley ကန်ချက်နဲ့ ဦးဆောင်ဂိုး စတင်ရခဲ့ပါတယ်။ ဒုတိယပိုင်း စစချင်းမှာ ယိုကာရက်က ဒုတိယဂိုးသွင်းခဲ့ပြီး ပွဲပြီးကာနီးမှာ ဇူဘီမန်ဒီကပဲ တတိယမြောက်ဂိုး ထပ်သွင်းခဲ့တာကြောင့် သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး အာဆင်နယ်ဂိုးအောက် ရွေးချယ်မှုက ပြားသုံးဆယ် ရှုံးခဲ့ပါတယ်။ ပဲလေ့စ်အသင်းနဲ့ ဆန်းဒါးလန်းအသင်းတို့ပွဲစဥ်မှာ မိနစ်ကိုးဆယ်ပြည့်တဲ့အထိ သွင်းဂိုးတစ်ဂိုးမှ မရခဲ့တာကြောင့် ဂိုးအောက်ရွေးချယ်မှု အနိုင်ရခဲ့ပါတယ်။ အဲဗာတန်နဲ့ ဗီလာတို့ပွဲစဥ်မှာလည်း မိနစ်ကိုးဆယ်အတွင်း ဂိုးမရှိ သရေဖြစ်ခဲ့တာကြောင့် အဲဗာတန်ဘော်ဒီရွေးချယ်မှုက ပြားတစ်ဆယ် နစ်နာခဲ့ရပါတယ်။

နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူးသစ် ဗော်တီမာဒါရဲ့ သွင်းဂိုးနဲ့ ပထမပိုင်းမှာ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံးဂိုးထပ်မသွင်းနိုင်တော့ဘဲ နယူးကာဆယ်အသင်းက ကပ်နိုင်သွားတာကြောင့် ဂိုးပေါ်ရွေးချယ်မှု မှားယွင်းခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းနဲ့စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဥ်မှာ ပထမပိုင်း ဂိုးမရခဲ့ပေမဲ့ ဒုတိယပိုင်းစစချင်းမှာ ပါပီဆာက စပါးအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပါတယ်။ မိနစ်ငါးဆယ်ကျော်မှာတင် ဝက်စ်ဟမ်းကွင်းလယ်လူ ဆူချက်က တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရတာကြောင့် စပါးအသင်းက နောက်ထပ်နှစ်ဂိုးထပ်ရခဲ့ပြီး သုံးဂိုးပြတ်အနိုင်ရသွားတာကြောင့် ဂိုးပေါ်ရွေးချယ်မှု ပြားခြောက်ဆယ် အနိုင်ရခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ ရှုံးနိမ့်နေခဲ့ပြီး မိနစ်ခြောက်ဆယ်ကျော်မှာ ကိုးလ်ပါးမားခြေပဂိုးနဲ့ မိနစ်ရှစ်ဆယ်ကျော်မှာ ကိုင်စီဒိုရဲ့ ဦးဆောင်ဂိုးကြောင့် အနိုင်ရနေခဲ့ပေမဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ဘရန့်ဖို့အသင်းက ချေပဂိုးပြန်သွင်းခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီနဲ့ ပွဲပြီးခဲ့ပါတယ် ။ ချဲလ်ဆီးဘော်ဒီရွေးချယ်မှုက နစ်နာခဲ့ရပြီး ဂိုးပေါ်ရွေးချယ်မှုကတော့ အပြည့်အဝ နိုင်ပွဲရခဲ့ပါတယ်။

◾ စနေည ရွေးချယ်မှုတွေမှာ အနိုင်ရာခိုင်နှုန်း နည်းပါးခဲ့ပေမဲ့ အရှုံးတော့ မရှိခဲ့ပါဘူး။ တနင်္ဂနွေညမှာလည်း မန်စီးနဲ့မန်ယူအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဥ်၊ ဘန်လေအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဥ်များအပါအဝင် အခြားသော ဘောလုံးပွဲစဥ်များကို ရွေးချယ်သုံးသပ်ပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှူနိုင်ပါတယ်။
