




၂.၉.၂၀၂၅
Written By Thandar
ခွန်သာချို ထုတ်လုပ်ရေးက ကံ၏သဘောတရားတွေ၊ ဆန်းကြယ်သောဖြစ်ပျက်မှုတွေကို ဝါရင့်အနုပညာရှင်တွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းပုံစံ ရိုက်ကူးထားတဲ့ “ကံခရီးရှည်”ဇာတ်လမ်းတွဲ Press Show ပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၂ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ Nawaday Cinema မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲမှာ သီဟဆိုတဲ့ ကိုးကွယ်မှုမှားပြီး အယူလွဲနေသူတွေကို လမ်းပြရသူနေရာ ပါဝင်ထားပါတယ်။ ကံကံရဲ့ အကျိုးတွေ အကု သိုလ်တွေကြောင့် ဘယ်လိုပြန်ပြီး ကိုယ်က ပြန်ပေးဆပ်ရတာတွေကို ပညာပေးလေးတွေပါတယ်။ ကံခရီးရှည်ဆိုတဲ့ အကြောင်းအရာတွေ ကွဲကွဲပြားပြားသိရမယ့်အရာလေးတွေကို ဝါရင့်အနုပညာရှင်တွေနဲ့အတူ အကောင်းဆုံး ပုံဖော်ထားကြပါတယ်”လို့ သရုပ်ဆောင် ခွန်သာချိုက MT Entertainment ကို ပြောပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ခွန်သာချို၊ ခိုင်နိုး၊ ဦးဖုန်းမြင့်ဇော်၊ မင်းသူ၊ ဇင်မျိုး၊ ရွန်းနီ၊ တစ်သက်တာအကယ်ဒမီဆုရှငအ နွဲ့နွဲ့စန်း၊ စန်းစန်းဝင်း၊ အကယ်ဒမီ ခင်စိုးပိုင် စတဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပြီး ဒီ ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာ ၄ ရက်မှာ ည ၈ နာရီတိုင်း Fortune TV & Hey Play App တို့က ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
