


၂.၉.၂၀၂၅
Written By Thandar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တတိယအကြိမ်မြောက် ကျင်းပတဲ့ Mister Cosmopolitan 2025 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဥ်ပြိုင်မဲ့ Mister သက်ဝေက ကျွန်တော့်ကို အားပေးကြမယ့်သူတွေကို စိတ်မပျက်စေရပါဘူးလို့ ဆိုပါတယ်။
အဆိုပါပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ယနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်က စတင်ထွက်ခွာခဲ့ပြီလည်း ဖြစ်ပါတယ်။
“ပထမဦးဆုံးပြိုင်ပွဲမို့ ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ International ပြိုင်ပွဲလည်းဖြစ်တာမို့ စိတ်ပိုလှုပ်ရှားပါတယ်။ ကျွန်တော့်အနေနဲ့ ပြိုင်ပွဲအတွက် ယုံကြည်မှုကတော့ ၈၀ လောက်ရှိပါတယ်။ ဟိုဘက်ပြိုင်ပွဲဝင်တွေရဲ့ အခြေအနေတွေ၊ အနေအထားတွေလည်း မသိရသေးဘူးလေ။ Catwalk ပိုင်းတွေ၊ Body ပိုင်းရော Speaking ပိုင်းတွေ အဓိကထားလေ့လာပြင်ဆင်ထားပါတယ်။ ကျွန်တော့်ကို အားပေးကြမယ့်သူတွေကို စိတ်မပျက်စေရပါဘူး။ ကျွန်တော်ရဲ့ ပြုံးတာနဲ့ အသံဩတာကတော့ အားသာချက်ပါလို့ ထင်ပါတယ်။ International ပထမဦးဆုံးပြိုင်ရမှာဆိုတော့ ပူပန်စိတ်တော့ ဖြစ်မိပါတယ်”လို့ Mister Cosmopolitan Myanmar 2025 သက်ဝေကိုက ပြောပါတယ်။
ဒီပြိုင်ပွဲကြီးကို စက်တင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမှာဖြစ်ရာ နိုင်ငံအသီးသီးက နိုင်ငံ ကိုယ်စားပြုအလှမောင်တွေဖြစ်တဲ့ အင်ဒိုနီးရှား၊ စပိန်၊ ပြင်သစ်၊ ဖီလစ်ပိုင်၊ ထိုင်း၊ ဂျပန်၊ နိုင်ဂျီဒီးယား၊ ထိုင်ဝမ်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာ စတဲ့နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။
