၂၅.၈.၂၀၂၅
Written By Thandar





ကိုယ်ပိုင်အရည်အချင်းတွေကို ထုတ်ပြခွင့်ရမယ့် “Mister and Miss Supranational Yangon” Media Conference & Sashing Ceremony ပွဲအခမ်းအနားကို ယနေ့ ဩဂုတ် ၂၅ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ တကယ်ကို အရည်အချင်းရှိတဲ့သူတွေ၊ ကိုယ်ရဲ့စွမ်းဆောင်ရည်နဲ့ ယုံကြည်ချက်ရှိရှိချပြဖို့ နေရာလည်းဖြစ်ပါတယ်။ ကိုယ့်အိပ်မက်တွေကို ပြိုင်ပွဲတွေက တစ်ဆင့် ကိုယ့်ရဲ့ စကားပြောစွမ်းရည်အစ အမျိုးမျိုးတိုးတက်လာမှာပါ။ ရန်ကုန်ကိုယ်စားပြု အလှမောင်မယ်တွေကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်”လို့ “Mister and Miss Supranational Yangon ရဲ့ ဒါရိုက်တာ တေးထပ်လင်းရောင်က ပြောပါတယ်။




အဆိုပါပွဲမှာ ပြိုင်ပွဲဝင် အလှမောင် Mister ၁၀ ဦး၊ အလှမယ် Miss ၁၀ ဦး စုစုပေါင်း အယောက် ၂၀ ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေကို အသက် ၁၈ နှစ်ကနေ ၃၂ နှစ်အတွင်းရှိတဲ့သူတွေကို Casting ခေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
Mister & Miss တွေကို ရန်ကုန်မြို့နယ်ကိုယ်စားပြုအနေနဲ့ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ ရန်ကုန်တောင်ပိုင်း၊ ရန်ကုန်မြောက်ပိုင်း စုစုပေါင်း ၈ ဦးကို ရွေးချယ်သွားလည်းဖြစ်ပါတယ်။





လာမယ့် စက်တင်ဘာလမှာ အစီအစဉ်ပေါင်းများစွာနဲ့ ကျင်းပသွားမှာဖြစ်ပြီး Grand Final ကို The Eravati Sule Grand မှာ ခမ်းနားကြီးကျယ်စွာ တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
