
၂၃. ၈. ၂၀၂၅
Translated by Thettant
အမျိုးသားငယ်များကို ဇနီးနှင့် လိင်ဆက်ဆံခိုင်းပြီး OnlyFans ငွေရှာသူထိုင်းနိုင်ငံသားစုံတွဲကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့တွင် ဖမ်းမိခဲ့သည်။
ယနေ့ ဩဂုတ် ၂၃ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က လိင်ဆက်ဆံမှုပိုင်းဆိုင်ရာ အကြောင်းအရာများ ဖန်တီးတင်ဆက်သူ ဇနီးမောင်နှံဖြစ်ကြသော အသက် ၂၉ နှစ်အရွယ် မစ္စတာ ဖက်ဖွမ်နှင့် အသက် ၃၀ အရွယ် မစ္စ ကီးရာတီတို့ကို ဖမ်းဆီးခဲ့သည်။
တရားခံဇနီးမောင်နှံသည် လွန်ခဲ့သည့် ၄ နှစ်တာကာလအတွင်း အမျိုးသားငယ်များကို ဇနီးသည် ကီးရာတီနှင့်အတူ အိပ်စက်ရန် သွေးဆောင်ပြီး OnlyFans အတွက် လိင်ဆက်ဆံမှုဆိုင်ရာ မူဗီဇာတ်လမ်းအကြောင်းအရာများ ရိုက်ကူးခဲ့ကြသည်။ ထိုလင်မယား၏ နောက်ဆုံးသားကောင်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသားငယ် ဖြစ်သည်။
အဆိုပါဇနီးမောင်နှံကို ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများ ထုတ်လုပ်ခြင်း သို့မဟုတ် ဖြန့်ချိခြင်းမှတစ်ဆင့် လူကုန်ကူးမှု၊ ညစ်ညမ်းသော အချက်အလက်များကို ကွန်ပျူတာစနစ်သို့ ထည့်သွင်းခြင်း၊ ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများအား ပူးပေါင်းကုန်ကူးခြင်း၊ မဖွယ်မရာရည်ရွယ်ချက်များအတွက် အရွယ်မရောက်သေးသူများကို ပူးပေါင်းခိုးယူဖမ်းဆီးခြင်း၊ကလေးသူငယ်များကို မသင့်လျော်သော အပြုအမူများအတွက် ပူးပေါင်းအတင်းအကျပ်ခိုင်းစေခြင်း၊ တောင်းခံခြင်းနှင့် အားပေးခြင်းတို့ ဖြစ်သည်ဟု ကနဦး စစ်ဆေးအရေးယူထားမှုများအရ သိရသည်။
OnlyFans ကဲ့သို့သော လိင်မှုဆိုင်ရာ ဝက်ဘ်ဆိုတ်များသို့ လိင်ဆက်ဆံမှုဆိုင်ရာ ရုပ်သံတင်ဆက်သူ Content Creator များသည် ယင်းတို့၏ Followers များကို လစဉ်ကြေးကောက်ယူကာ ယင်းတို့၏ တင်ဆက်မှုများကို Subscription ဖြင့် ကြည့်ရှု လစဥ်ကြေးရယူခြင်း၊ တစ်ခါတစ်ရံကြည့်ရှုမှု Pay Per View ဖြင့် ငွေကောက်ခံခြင်း၊ Sex Live Stream များမှ Tip ရရှိခြင်း၊ Followers များက သီးသန့်ရိုက်ကူးခိုင်းသည့် Custom Content များဖြင့် ဝင်ငွေရှာဖွေကြသော်လည်း အနည်းစုမှာသာ Followers အများအပြားနှင့် လစဥ် ဒေါ်လာသောင်းချီ ရှာနိုင်ပြီး အနည်းစုမှာ လစဥ် ဒေါ်လာ ၁၅၀ အောက်သာ ဝင်ငွေရရှိကြသည်။
