
၁၅. ၈. ၂၀၂၅
Written by Nyein Kyaw
နယ်မြေဒေသအခြေအနေအရ တစ်နှစ်ကျော်ကြာ ယာယီရပ်ဆိုင်းထားခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်၏ ဘဏ်လုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရပြီး နောင်ချိုမြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် မှစတင်၍ လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ယနေ့တွင် ပြန်လည် လည်ပတ်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။
