MT News

နိုင်ငံတစ်ဝန်းလုံး၌ အရေးပေါ်အခြေအနေကြေညာထားသည့်ကာလ ဆက်လက်သက်တမ်းတိုးမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်သည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သဘောထားပြန်ကြားချက် ထုတ်ပြန်သည်။

လက်ရှိဖြစ်ပေါ်နေသော အ‌ခြေအနေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်များပြီးမြောက်ပြီဖြစ်ကြောင်း အစီရင်ခံတင်ပြရမည့်အခြေအနေ မဟုတ်သေးသည့်အပြင် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ နိုင်ငံတစ်းဝန်လုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကို ယာယီသမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့သဘောထားတောင်းခံခဲ့သည်။

ယင်းသို့သဘောထားတောင်းခံမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဆက်စပ်စကားရပ်များကို ထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသောအခြေအနေသည် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဆက်လက်သက်တမ်း တိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သဘောထားပြန်ကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *