MT News

Written By Thandar

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့အလှမောင် ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Mister Global 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Mister Global Myanmar ရှိန်းမင်းသူက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

“Mister Globalပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၄၂ နိုင်ငံက နိုင်ငံကိုယ်စားပြုအဖြစ် အနိုင်ရရှိခဲ့သူတွေထဲက မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ National Director မရှိဘဲ ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်နေရတာဖြစ်လို့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပေမယ့် ရရှိခဲ့တဲ့ အခွင့်အရေးကို လက်မလွှတ်ခဲ့ပါဘူး။ လုပ်ချင်တာ လုပ်ခွင့်ပေးပြီး အနောက်က ပံ့ပိုးပေးနေတဲ့ မိဘနှစ်ပါးကိုလည်း ကျေး ဇူးတင်ပါတယ်။ ကျွန်တော့်ကို ချစ်တဲ့စိတ်နဲ့ အမြဲအားပေးနေတဲ့ ကျွန်တော်ချစ်တဲ့လူတစ်ယောက်ချင်းစီကို ကျေး ဇူးတင်ပါတယ်”လို့ Mister Global Myanmar ရှိန်းမင်းသူက ပြောပါတယ်။

(၈)ကြိမ်မြောက် Mister Global 2023 ပြိုင်ပွဲမှာတော့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၄၂နိုင်ငံက ကိုယ်စားပြု အလှမောင် အသီးသီး ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

Mister Global Myanmar ရှိန်းမင်းသူကတော့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲကြီးကိုတော့ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၆နာရီခွဲက မြန်မာနိုင်ငံကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *