MT News

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ခြောက်လတာဝန်ဆက်လက်ပေးအပ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ယမန်နေ့ညတွင် ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းပေးခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းဆောင် ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်း၍ မဲစာရင်းစစ်ဆေးခဲ့မှုနှင့်တွေ့ရှိမှု အခြေအနေများ၊ မဲမသမာမှုများတွင် တာဝန်ရှိ သူများကို အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေများ၊ NLD ပါတီ ဥက္ကဋ္ဌနှင့် သမ္မတဟောင်းတို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက်ဖိအားပေးဆောင်ရွက်မှု အခြေအနေများ၊ မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် ပေးသည့် အခြေအနေများ၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေး အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ သည့်အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ရွေးကောက်ပွဲ အတွက် စီစဉ်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည့်အခြေအနေများ၊ မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရမိမှု အခြေ အနေများ၊ နိုင်ငံတော်နှင့်နိုင်ငံ့ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့ သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးခဲ့သည့် အခြေအနေများ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF များက အကြမ်းဖက် အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေသည့် အခြေအနေများ၊ CRPH ၊ NUG နှင့်၎င်းတို့၏လက်ဝေခံ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှု အခြေအနေများနှင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများ၊ CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF တို့က လက်ရှိ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်မှု နည်းလမ်းများဖြင့် ရယူရန် ကြိုးပမ်းလာခဲ့ကြသည့် အခြေအနေများနှင့် တိုင်းဒေသကြီများ၊ ပြည်နယ်များ၏ လုံခြုံရေးအခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်ပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ယာယီသမ္မတအပါအဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးက နိုင်ငံတော်စီမံ အုပ်ချုပ် ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းစေလိုသည့် CRPH ၊ NUG နှင့် ၎င်းတို့ ၏လက်ဝေခံ PDF တို့က အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လက်နက်ကိုင် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ကို သာမန်အခြေအနေထက်လွန်ကဲစွာပြုလုပ်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေအနေရှိနေသေး ဆဲဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ သို့ပါ၍ သာမန်မဟုတ်သည့် အခြေအနေများဖြစ်ပေါ် နေမှုကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ပေးမှသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ငန်းတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *