၁. ၂. ၂၀၂၃
Written by Pan Ei

“Hospital Playlist”၊ “Taxi Driver”၊ “D.P.” နဲ့ “Missing: The Other Side 2” စတဲ့ နာမည်ကြီး ဒရာမာတွေအပြင် လတ်တလောမှာ ထွက်ရှိထားတဲ့ စီးရီးတော်တော်များမှာပါ ဇာတ်ရံအနေနဲ့ သရုပ်ဆောင်ထားပြီး မြန်မာပရိသတ်တွေနဲ့ သိပ်မစိမ်းလှတဲ့ တောင်ကိုရီးယား မင်းသား ဆောင်းဒက်ဟို (Song Duk Ho) ဟာ စစ်မှုထမ်းတာဝန်တွေကို ရှောင်လွှဲခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာကို ခံနေရပါတယ်။

ဒီသတင်းကို တုံ့ပြန်တဲ့အနေနဲ့ ဆောင်းဒက်ဟိုရဲ့ အေဂျင်စီ Bistus အင်တာတိန်းမန့်က “ဆောင်းဒက်ဟိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီလောက်က သူ့ရဲ့ စစ်မှုထမ်းတာကို ရွှေ့ဆိုင်းဖို့ အင်တာနက်မှာ အချက်အလက်တွေရှာဖွေနေတုန်း ပွဲစားတစ်ဦးရဲ့ တိုင်ပင်ဆွေးနွေးမှုကို လက်ခံရရှိခဲ့ပြီးတဲ့နောက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့မိကာ စစ်မှုထမ်းခြင်းကို နှောင့်နှေးစေမယ့်အစား တရားမဝင်တဲ့နည်းနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်သားအဖြစ် စစ်ဆေးအကဲဖြတ်ခြင်းကို လက်ခံရရှိအောင် လုပ်ဆောင်ခဲ့မိတာပါ” လို့ ထုတ်ပြန်ခဲ့ပြီး မင်းသားဟာ စစ်မှုထမ်းဖို့ တိမ်းရှောင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ “Burning” ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့တဲ့ မင်းသား ဆောင်းဒက်ဟိုဟာ သူ့ရဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ပြဿနာတွေကြောင့် မကြာသေးမီက ပါဝင်ရိုက်ကူးဖို့ အတည်ပြုထားတဲ့ “Beneficial Fraud” ဒရာမာအသစ်ကနေ နုတ်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *