April 27, 2024

၁. ၂. ၂၀၂၃
Written by Hey Mar

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများကို ဇန်နဝါရီ ၃၁ ရက် ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြ၀တီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ ထွန်းထွန်းဝင်း(ခ) စောထွန်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်ဝင်းကို(ခ)ကုလားနှင့် ရဲထွန်း(ခ)အဖူးတို့အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၀၂ သိန်း)၊ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်မျိုးစုံ ၃၀၀ တောင့်၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် Nissan X-Trail အမျိုးအစား မော်တော်ယာဉ် ၁ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ထွန်းထွန်း၀င်း(ခ)စောထွန်း(၃၀)နှစ်၊ အောင်ဝင်းကို(ခ) ကုလား(၃၂)နှစ် နှင့် ရဲထွန်း(ခ)အဖူး(၃၈)နှစ်တို့အား မြ၀တီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *