၁. ၂. ၂၀၂၃
Written by Pan Ei

အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Half Moon Bay မြို့ရှိ မှိုစိုက်ခင်းတစ်ခုတွင် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် လူခုနှစ်ယောက်သေဆုံးကာ တစ်ယောက်ဒဏ်ရာရရှိခဲ့သော ပစ်ခတ်မှုဖြစ်စဉ်မှာ ယာဉ်ပြင်ဆင်စရိတ် ဒေါ်လာ ၁၀၀ ပေးဆောင်ရသည်ကို မကျေနပ်သောကြောင့် ဖြစ်ပွားခဲ့ခြင်းဟုသိရသည်။

Chunli Zhao သည် ၎င်း၏ forklift နှင့် လုပ်ဖော်ကိုင်ဖက်၏ ဘူဒိုဇာတို့ တိုက်မိပြီးနောက် ပြုပြင်ရန်အတွက် ပေးဆောင်ရမည့် ဒေါ်လာ ၁၀၀ ကြောင့် ဒေါသဖြစ်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကယ်လီဖိုးနီးယားအစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့ပြီး သေဆုံးသူများထဲမှလေးဦးသည် တရုတ်လူမျိုးများဖြစ်ကြကြောင်းသိရသည်။

လူသတ်မှု ခုနစ်ကြိမ်နှင့် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု အပါအဝင် အမှုရင်ဆိုင်နေရသည့် အသက် ၆၆ နှစ်အရွယ်ရှိ Chunli Zhao သည် တရုတ်လူမျိုးဖြစ်ပြီး တရုတ်နိုင်ငံတွင် အသက် ၄၀ အရွယ် သမီးတစ်ဦးရှိကာ Half Moon Bay မြို့တွင် ဇနီးဖြစ်သူနှင့်အတူ ၁၁ နှစ်ကြာနေထိုင်ခဲ့ကြောင်းသိရသည်။

Half Moon Bay မြို့ခံလူထုများသည် သေဆုံးသူများအတွက် ဆုတောင်းပွဲများလည်း ပြုလုပ်ခဲ့ကြသလို တရားခံသေနတ်သမားကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ရုံးထုတ်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

Ref; Sky News

Leave a Reply

Your email address will not be published. Required fields are marked *

Related News