၁. ၂. ၂၀၂၃
Written by Ye Kyaw

မြန်မာအလုပ်သမားများအား ခေါ်ယူရန် ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ ၃၁၂ ခု ပေးပို့ထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ဇန်နဝါရီ ၃၁ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၁၂ ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *