၁. ၂. ၂၀၂၃
Written By Thandar

မေထိုက်မွန်(ခ) Mandy ကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် “မောင်မောင်တို့ရဲ့ မောင်မောင်” ဇာတ်လမ်းတွဲရဲ့ ရုပ်ဆိုးမလေး သူဇာမောင်မောင်အဖြစ် ကာရိုက်တာပီပြင်အောင် မျက်ခုံးမွှေးရော ဆံပင်ပါချိန်းလိုက်ရတယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားမှာ သူဇာမောင်မောင်အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။ အစ်ကိုတွေကြားက မိန်းကလေး တစ်ယောက်ထဲ ပါဝင်ရတဲ့သူပေါ့။ ဒီကားအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ပြင်ဆင်ခဲ့ရတယ်။ အကုန်အများကြီး ပြင်ဆင်ရတာပေါ့။ ပရိသတ်တွေ သတိထားကြည့်ရင် သိမှာပါ ဇာတ်ဝင်ခန်း လိုအပ်ချက်အရ Mandy မျက်ခုံးမွှေးကို တကယ်ဖြတ်လိုက်တဲ့ အပိုင်းတွေ ရှိတယ်။ မျက်ခုံးမွှေးအဲပုံစံနဲ့ ဒီကားရိုက်ပြီး အပြင်ထွက်ရင်တောင် Mandy သိပ်မထွက်ရဲဘူး။ ကိုယ့်ကို ရုပ်ဆိုးမလို့ ပြောကြမှာကြောက်တယ်။ ပြီးတော့ ဆံပင်ဆိုရင် ခါး လောက်ထိရှိတာကို တိုလိုက်ရတယ်။ ရုပ်ဆိုးမဖြစ်အောင်လေ၊ ရုပ်ဆိုးမလေး ကာရိုက်တာပီပြင်အောင် မျက်ခုံးမွှေးရော ဆံပင်ပါချိန်းလိုက်ရတယ်“လို့ သရုပ်ဆောင် မေထိုက်မွန်(ခ) Mandy က ပြောပါတယ်။

သူမကတော့ အစားအသောက်ပိုင်းပတ်သက်တဲ့ Food Vlogger တစ်ယောက်လည်းဖြစ်ပြီး Dreamwalkerz Production နဲ့တွဲပြီး KFC ကြော်ငြာတွေ ရိုက်သူလည်းဖြစ်တယ်လို့ သိရပါတယ် ။ ပြင်ဦးလွင်ကနေ ဆင်းလာပြီးတော့ မောင်မောင်တို့ရဲ့ မောင်မောင် ဇာတ်လမ်းအတွက် Cutting ဝင်လျှောက်ပြီး ပါဝင်ဖြစ်တယ် ဆိုပါတယ်။ အပိုင်း ၆၂ ပိုင်းရှိတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ၄ လကျော် ရိုက်ကူးမှုကြောင့် အားလုံး ရင်းနှီးပြီးတော့ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးမှုမှာ ဖြတ်သန်းခဲ့တယ်လို့ဆိုပါတယ်။

“Mandy အရင်တုန်းက ရည်မှန်းချက်တစ်ခုရှိတယ်။ ဒီနယ်ပယ်မှာ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ချင်တယ်။ Dream သေးသေးလေးပေါ့၊ မဖြစ်နိုင်ဘူးလို့ တွေးခဲ့တယ်။ Mandy က ကျောင်းထဲက အရပ်ပုတာဆိုတော့လေ။ အရပ်ပုတာကို အရမ်းအပြောခံခဲ့ရတယ် ၊ အရပ်ပုတော့ မင်းသမီးမဖြစ်နိုင်ဘူးလို့ လူတိုင်းပြောကြတယ်။ မလုပ်နိုင်ဘူး ဝေဖန်ခံရတာပါ။ ရင်ခွင်မှီအရပ်ပေါ့နော်၊ Mandy လို အရပ်ပုသူတွေလည်း စိတ်ဓာတ်မကျပါနဲ့လို့ ကြိုးစားရင်ရနိုင်ပါတယ်လို့ ပြောချင်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *