၁. ၂. ၂၀၂၃
Written by Naing Thuta

SAC ရဲ့ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ NUG ထောက်ခံသူတွေက မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီအကြား ရုံးချိန်လွတ် Silent Strike လုပ်မယ်လို့ ကြွေးကြော်ထားသလို တပ်မတော်ထောက်ခံသူတွေကလည်း ပုံမှန်အတိုင်းလည်ပတ်သွားလာဖို့ ကြွေးကြော်ထားပြီး လက်ရှိအချိန် မန္တလေးမှာလည်း လမ်းမတွေအားလုံးမှာ လူလုံးဝမရှိတာမျိုးထက် ပုံမှန်သွားလာနေသူတွေ ရှိနေပါတယ်။ ဒါပေမဲ့ ခါတိုင်းရက်တွေထက် နည်းပါးတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာဆိုရင်လည်း တပ်ထောက်ခံပွဲကျင်းပခဲ့သလို မန္တလေးမှာလည်း တပ်မတော်ထောက်ခံပွဲနဲ့ ကာလုံကြိုဆိုပွဲပြုလုပ်နေပြီး မန္တလေးက တပ်ထောက်ခံပွဲက လူထောင်ချီရှိပေမဲ့လည်း ရန်ကုန်က တပ်ထောက်ခံပွဲကတော့ မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ ထောက်ခံသူလူထုပေါင်းမှ ၁၀၀ လောက်ပဲရှိတာတွေ့ရပြီး အင်အားနည်းခဲ့ပါတယ်။

လက်ရှိအချိန် ရန်ကုန်ရော မန္တလေးမှာပါ တပ်ထောက်ခံပွဲတွေ ပြုလုပ်နေဆဲဖြစ်ပြီး နေ့လယ် ၃ နာရီမှာတော့ NUG ထောက်ခံသူတွေပြုလုပ်နေတဲ့ ရုံးချိန်လွတ် Silent Strike ပြီးဆုံးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *