၁. ၂. ၂၀၂၃
Written by Tha Doe

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်း၏ ညီဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးသက်နိုင်ဦးမှာ တာမွေအဝိုင်းထိပ်မှတ်တိုင်အနီးတွင် ယမန်နေ့ည ၇ နာရီခန့်က ဓားထိုးခံရသဖြင့် ကွယ်လွန်ခဲ့ကြောင်း ဒေါက်တာရန်မျိုးသိန်းက အသိပေးထားသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခန့်က ဗဟန်းမြို့နယ်၊ တာမွေအိုးရှင်းအနီး၊ အောင်ချမ်းသာအိမ်ရာရှေ့၊ တာမွေအဝိုင်းထိပ်မှတ်တိုင်၌ ဒေါက်တာရန်မျိုးသိမ်း၏ညီအရင်းဖြစ်သူ ရန်ကင်းမြိုနယ်၊ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၂ နှစ်အရွယ်ရှိ ဦးသက်နိုင်ဦးမှာ ဓားထိုးခံခဲ့ရသဖြင့် ဦးသက်နိုင်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့၍ လက်ရှိတွင် ဗဟန်းမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

“ကျွန်တော့်ညီ ကိုသက်နိုင်ဦး (၅၂ နှစ်) ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်၊ ကြာသပတေးနေ့ ည နေ ၃ နာရီအချိန် ရေ ဝေးသုသာန်မှာ မီးသင်္ဂြိုလ်မည် ဖြစ်ပါသည်။ ခန်းမ ၁(ဂ)တွင် စျာပနအခမ်းအနားပြုလုပ်ပါမည်။ ရန်ကင်း နေအိမ်မှကားများ နေ့လည် ၁ နာရီခွဲတွင် ထွက်ပါမည်” ဟု ဒေါက်တာရန်မျိုးသိန်းက ဆိုသည်။

အဆိုပါ ဓားထိုးမှုဖြစ်စဥ်မှာ မည်သည့်အတွက်ကြောင့် ဖြစ်ပွားရသည် သိရှိမှုမရှိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *