MT News
၁. ၂. ၂၀၂၃

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ယနေ့ညနေ ၆ နာရီတွင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃) ကျင်းပပြုလုပ်ခဲ့မှု သတင်းအား ယနေ့ ညနေ ၆ နာရီအချိန်တွင် MWD HD Channel၊ MWD Variety HD Channel၊ MRTV HD Channel၊ MRTV News Channel နှင့် မြန်မာ့အသံရေဒီယိုတို့တွင် ထုတ်လွှင့်သွားမည်ဖြစ်သည်။

အဆိုပါ ကာလုံအစည်းအဝေးတွင် ပြီးခဲ့သည့်နှစ်နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်ပြခဲ့သည်။ အဆိုပါ တင်ပြမှုအပေါ် ကာလုံတွင် ပါဝင်သူများက NUG, PDF များ၏ လုပ်ကြံသတ်ဖြတ်မှုများနှင့် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ “သာမန်မဟုတ်သော အခြေအနေ” ဖြစ်နေကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်ဟုလည်း ကနဦးသတင်းကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *