၁. ၂. ၂၀၂၃
Written By Thandar
ဂီတဝါသနာရှင်တွေအတွက် “So” တေးရေး၊ တေးဆို တေးသီချင်းပြိုင်ပွဲကို မကြာခင် စတင်ကျင်းပတော့မှာဖြစ်တဲ့အတွက် ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် တေးသီချင်းသစ်တွေကို “SKYNET Music ” က ပြီးခဲ့တဲ့လက စတင်လက်ခံနေပြီလို့ သိရပါတယ်။

ဒီပြိုင်ပွဲလျှောက်လွှာတွေကို “SKYNET” ရဲ့ ရုံးဖြစ်တဲ့ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အမှတ် (၅၁) ရွှေထွဋ်တင်ဝန်းမှာ ရုံးချိန်အတွင်း လာရောက်ပေးပို့နိုင်ပြီလို့ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ဝ၉၄၂၅၈၅၃၃၄၈ နဲ့ SKYNET Music Facebook PageI SKYNET DTH၊ Channel 9 HD Facebook Page အချိန်နဲ့တစ်ပြေးညီ ကြေညာပေးသွားမယ်လို့ သိရပါတယ်။

တေးရေးပြိုင်ပွဲဝင်တွေလိုက်နာရမယ့် စည်းကမ်းချက်တွေကတော့ ကိုယ်ပိုင်သံစဉ်သီချင်းသစ်နဲ့ မိမိကိုယ်တိုင် ပိုင်ဆိုင်ကြောင်း တာဝန်ခံရမယ်။ အခြားတေးရေးပညာရှင်တွေရဲ့ သီချင်းစာသားနဲ့ သံစဉ်တွေကို ကူးယူထည့်သွင်းရေးသားမထားရပါဘူး။ မည်သူမဆို မည်သည့်အသက်အရွယ်မဆို ပေးပို့ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဒီသီချင်းကို ဘယ်နေရာမှ အသုံးမပြုရသေးဘဲ အသစ်ဖြစ်ကြောင်း တာဝန်ယူရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်သူတစ်ဦးကိုတော့ သီချင်း(၂)ပုဒ် အနည်းဆုံး ပေးပို့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ပေးပို့ပါက Video Camera နဲ့ဖြစ်ဖြစ်၊ Phone Camera Video ဖြစ်ဖြစ်ရိုက်ကူးထားတဲ့ သီဆိုမှု Video File (သို့) Audio (16 bit 48 kHz) နဲ့အတူ သီဆိုမှုမှာလည်း အနည်းဆုံး ဂီတာတစ်လုံးနဲ့ တီးခတ်မှုပါဝင်ရမှာ ဖြစ်ပါတယ်။

သီချင်းတွေပေးပို့ရာမှာလည်း သီချင်းစာသားတွေက ဥပဒေနဲ့မငြိစွန်းစေဖို့ တာဝန်ယူရမှာဖြစ်တယ်။ လျှောက်လွှာဖောင်နဲ့အတူ သီချင်း Video File ပါတဲ့ USB,CD, DVD အခွေနဲ့အတူ တာဝန်ယူကြောင်း ဝန်ခံရေးသားဖော်ပြချက်တွေကို လက်မှတ်ရေးထိုးပြီး လူကိုယ်တိုင်ရွှေထွဋ်တင်ကို လာရောက်ထားပေးပို့ စာရင်းသွင်းကာ သတ်မှတ် Form ကို ဖြည့်ပြီး Register ပြုလုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Online ကနေပေးပို့လာသူ (နယ်ဝေး)ဆိုရင် ပြိုင်ပွဲဝင်လိုသူတွေက သူတို့ရဲ့သီချင်း Data File Audio (16 bit 48 kHz) နဲ့ စာသားကိုဖြစ်စေ၊ ပြိုင်ပွဲဝင်ရဲ့ Form ဖြည့်ရန်လိုအပ်မယ့် အချက်အလက်တွေကိုဖြစ်စေ Viber No 09940001490 ကို ပေးပို့စာရင်းသွင်းရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအတွက် သီချင်းရွေးချယ်ခံရပါက အကြောင်းကြားပေးမည်ဖြစ်ပြီး နောက်တဆင့် ပြိုင်ပွဲအတွက် ရန်ကုန်မှာ လာရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

တကယ်လို့အငြင်းပွားမှု တစ်စုံတစ်ရာရှိခဲ့ရင် ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့သာ အတည်ယူမည်ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *