၁. ၂. ၂၀၂၃
Written by Nay Moe

SAC ရဲ့ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ NUG ထောက်ခံသူတွေက မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီအကြား ရုံးချိန်လွတ် Silent Strike လုပ်မယ်လို့ ကြွေးကြော်ထားသလို တပ်မတော်ထောက်ခံသူတွေကလည်း ပုံမှန်အတိုင်းလည်ပတ်သွားလာဖို့ ကြွေးကြော်ထားပါတယ်။

ဒါ့အပြင် တပ်မတော်ထောက်ခံသူတွေကလည်း နစက နှစ်နှစ်ပြည့်ထောက်ခံပွဲနဲ့ ကာလုံကြိုဆိုပွဲလုပ်ဖို့ ဒီနေ့မနက်ကတည်းက ရန်ကုန်မြို့ပတ် အောင်ပွဲခံနေပြီး သူတို့ရဲ့ ဆုံချက်က ရန်ကုန်မြို့တော်ခန်းမမှာပါ။ ဒီ တပ်ထောက်ခံပွဲနဲ့ ကာလုံကြိုဆိုပွဲကိုလည်း NUG ထောက်ခံတဲ့ ရန်ကုန်မြို့ပြ UG တွေက ဗုံးခွဲမယ်၊ တိုက်ခိုက်မယ်လို့လည်း ပြောထားတာ တွေ့ရပါတယ်။ ဒီလိုမျိုး ဗုံးခွဲမယ်ခြိမ်းခြောက်ထားတာကို ကြားသိကြောင်းလည်း ဦးဆောင်သူ မိုက်ကယ်ကျော်မြင့်က ပြောသလို မန္တလေးမှာ လူအင်အား ၅၀၀၀၀ နဲ့ တပ်ထောက်ခံပွဲစတင်ပြုလုပ်နေပြီလို့ သူက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တပ်မတော်ထောက်ခံပွဲနဲ့ ကာလုံကြိုဆိုပွဲပြုလုပ်မဲ့သူတို့က သမ္မတရုပ်ရှင်ရုံဘေးမှာ စုဝေးနေပြီး သူတို့ မနီးမဝေးမှာလည်း လုံခြုံရေးယူပေးထားတာ တွေ့ရပါတယ်။

ရန်ကုန်မြို့လယ်မှာတော့ လုံခြုံရေးတင်းကျပ်ထားပြီး ရုံးချိန်လွတ် Silent Strike လုပ်တာတောင်မှ မနှစ်တုန်းကပြုလုပ်တဲ့ အသံတိတ်သပိတ်လိုမျိုး လုံးဝငြိမ်ကျသွားတဲ့မြင်ကွင်းတော့ မမြင်ရဘဲ ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မြင်တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *