




၂၁.၅.၂၀၂၅
Written By Thandar
မယ်စကြာဝဠာမြန်မာရဲ့ ၁၂ ကြိမ်မြောက် Miss Universe Myanmar 2025 ပြိုင်ပွဲကြီးအတွက် မြို့ကြီးတွေရဲ့ ကိုယ်စားပြုအလှမယ်တွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အလှမယ် ၃၅ ဦး စာနယ်ဇင်း မိတ်ဆက်ပွဲကို ယနေ့ မေလ ၂၁ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုတွေနဲ့ ကျက်သရေရှိလှတဲ့ မြန်မာအမျိုးသမီးများရဲ့ ဂုဏ်ကို ကမ္ဘာထိအောင်ဖော်ထုတ်ပြသမယ့် Miss Universe Myanmar 2025 ရဲ့ Winner ဆုရရှိသူကတော့ နဝရတ်သရဖူကို ချီးမြှင့်ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။
“ဒီနေ့ကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက ကိုယ်စားပြုအလှမယ်တွေကို City Director တွေကတစ်ဆင့် ရွေးချယ်ပြီး ပြန်လည်ပြီး စာနယ်ဇင်းမီဒီယာတွေကို မိတ်ဆက်တဲ့ပွဲပါ။ ပြည်နယ်နဲ့တိုင်း ကိုယ်စားပြုအလှမယ် ၃၅ ဦးကို မိတ်ဆက်ပေးတာပါ။ ပြိုင်ပွဲကတော့ အဆင့်ဆင့်ယှဉ်ပြိုင်ကြရမှာပါ။ ကိုယ့်နိုင်ငံကိုယ်စားပြုအလှမယ်က ဘယ်သူဖြစ်မလဲဆိုတာကတော့ မကြာခင် သိရမှာပါ။ Title ဆုတွေနဲ့ Winner ဆုရရှိသူတွေကို ဆုတွေအမျိုးအစားအလိုက် ချီးမြှင့်ပေးအပ်မှာပါ။ နဝရတ်သရဖူကိုပေးအပ်သွားမှာပါ”လို့ National Director မစိုးယုဝေက ပြောပါတယ်။
အဆိုပါ Miss Universe Myanmar 2025 ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး Grand Final ပြိုင်ပွဲကို ဇွန်လ ၂၇ ရက်မှာ ရန်ကုန်မြို့ Myanmar Expro မှာ ကျင်းပသွားမှာဖြစ်သလို National Custume Commission ကိုတော့ ဇွန် ၁၈ ရက်နေ့မှာ Novotel Hotel ကျင်းပမှာဖြစ်ပါတယ်။
