သက်တံ့
၁၁. ၁၁. ၂၀၂၆
ပြည်ပရောက်မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်မဲပေးနိုင်ရေး ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် ယနေ့ စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ ပြန်လည် ပေးပို့နိုင်မည့်နေ့ရက်များကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၈၂ (က) အရ ကြိုတင်မဲပေးလိုသူများအတွက် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ပြည်ပရောက်မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် ယနေ့ နိုဝင်ဘာ ၁၁ ရက်မှ စတင်ထုတ်ယူနိုင်မည်ဖြစ်သည်။ ထို့အတူ ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website, နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာသံရုံး Website များမှလည်း Download ရယူနိုင်မည်ဖြစ်သည်။
ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ နိုဝင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း ပြန်လည် ပေးပို့နိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
