




၁၀. ၅. ၂၀၂၅
Written by MMAK
◾ဆောက်သမ်ပ်တန် Vs မန်စီးတီး
မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ရမှတ်အနည်းငယ် လိုအပ်နေပြီး သူ့အောက်မှာ ဖိအားပေးနေတဲ့ နယူးကာဆယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့နေတာကြောင့် ဒီပွဲနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသလောက် ရှိသွားနိုင်ပါတယ်။ တန်းဆင်းသွားပြီဖြစ်တဲ့ ဆောက်သမ်ပ်တန်အသင်းကို သေချာပေါက်အနိုင်ရနိုင်ပေမဲ့ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်စား
ဆိုတဲ့ ပေါက်ကြေးမှာ ဂိုးပြတ်နိုင်ပါ့မလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ ဆောက်သမ်တန်တိုက်စစ်က အရမ်းညံ့တဲ့အတွက် ဂိုးရဖို့မလွယ်ဘူးလို့ ယူဆထားပြီး မန်စီးတီးတစ်သင်းတည်းရဲ့ သွင်းဂိုးတွေကိုဘဲ မျှော်လင့်ရမယ်ထင်ပါတယ်။ မန်စီးတီးတိုက်စစ်က ဟာလန်းမပါနိုင်တဲ့ နောက်ပိုင်းပွဲစဉ် ရှစ်ပွဲမှာ သုံးဂိုးသွင်းနိုင်တဲ့ပွဲဆိုလို့ တစ်ပွဲသာရှိထားပြီး ကပ်နိုင်တာများသလို ဂိုးအောက်တွေလည်း အဖြစ်များပါတယ်။ ဒီပွဲစဉ်မှာ ဆောက်သမ်ပ်တန်အသင်း တစ်ဂိုးလောက်ရသွားရင် မန်စီးတီးအသင်း ဘော်ဒီကြေးအောင်ဖို့ ခက်ခဲနိုင်သလို ဆောက်သမ်ပ်တန်အသင်း ဂိုးမရခဲ့ရင်လည်း မန်စီးတီးအသင်း ကပ်နိုင်သွားပြီး ဂိုးအောက်မယ်ထင်ပါတယ်။ ဒီပွဲစဉ်မှာ အောက်ကြေးတစ်ခုခု အနိုင်ရနိုင်သလို နှစ်ခုလုံးတောင် အနိုင်ရနိုင်ပေမဲ့ စုံပေါ်အောင်ဖို့ဆိုတာတော့ ဖြစ်နိုင်ခြေ အရမ်းနည်းပါတယ်။ ဒီအတွက်ကြောင့် ထိုးသားအရမ်းစောင်းတဲ့ မန်စီးတီးအပေါ်စုံကို ဆန့်ကျင်ထားပြီး ဆောက်သမ်ပ်တန်ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဖူဟမ် Vs အဲဗာတန်
နှစ်သင်းလုံး အမှတ်မလိုတာကြောင့် ဂုဏ်သိက္ခာအရသာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး လက်ရှိခြေစွမ်းအရဆိုရင်လည်း နှစ်သင်းလုံးက တည်ငြိမ်မှုအားနည်းတာကို တွေ့ရပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်ဖူဟမ်အသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ ပထမအကျော့မှာ ဘော်ဒီကြေး ဒဲ့ပေါက်ခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သလို ဒီနှစ်သင်းထပ်တိုက်တွေ့ဆုံမှုတွေမှာ ဂိုးပေါင်းအောက်တာတွေ များနေတာကို တွေ့ရပါတယ်။ အဲဗာတန်အသင်းကလည်း ခံစစ်အားသန်တဲ့အသင်းမျိုးဖြစ်တာကြောင့် ဂိုးပေါင်းကြေးပျော့ပျောင်းနေတာကို လက်ခံလို့ရပေမဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှနေတာကို တွေ့ရပါတယ်။ ယူရိုပါလိဂ်မှာ ပရီးမီးယားလိဂ်က အသင်းတစ်သင်း ဖလားရဖို့သေချာနေသလို ကွန်းဖရင့်လိဂ်မှာ ချဲလ်ဆီးအသင်းသာ ဖလားရခဲ့ရင် ဖူဟမ်အသင်းက နောက်ရာသီမှာ ဥရောပဝင်ခွင့်ရသွားနိုင်ပါတယ်။ ဒီအချက်ကြောင့် ကြေးပြင်းနေတယ်လို့ ယူဆထားပြီး ဒီပေါက်ကြေးက အိမ်ရှင်ဖူဟမ်အသင်းအနိုင်ရသွားနိုင်တဲ့ ဘော်ဒီကြေးဖြစ်တာကြောင့် ဖူဟမ်ဘော်ဒီကို ကြိုက်ပါတယ် ။
◾ ဝုဗ် Vs ဘရိုက်တန်
ဝုဗ်အသင်းက နောက်ဆုံးရှစ်ပွဲမှာ ခုနစ်ပွဲဆက် နိုင်ပွဲရထားပြီး နောက်ဆုံးပွဲကျမှ မန်စီးတီးအသင်းကို ကပ်ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကတော့ နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာအနိုင်ရထားပြီး ခြေစွမ်းကတည်ငြမ်မှု မရှိပါဘူး။ ဒီပွဲစဉ်မှာ ဘရိုက်တန်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ပထမအကျော့မှာ တစ်လုံးသရေအထိ ပေးခဲ့ပေမဲ့ ဒီပွဲစဥ်မှာ ပြားနှစ်ဆယ်လောက်သာ ပေးထားတဲ့ ဘရိုက်တန်အသင်းရဲ့ပေါက်ကြေးက အနိုင်ရဖို့ ခက်ခဲပါလိမ့်မယ်။ လက်ရှိခြေစွမ်းအရဆို ဝုဗ်အသင်းကတောင် ပိုကောင်းနေတာဖြစ်ပြီး အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် ဝုဗ်အသင်း မရှုံးနိုင်ဘူးလို့ ထင်ပါတယ်။ မန်စီးတီးတစ်သင်းတည်းကိုဘဲ ဂိုးမရခဲ့တဲ့ ဝုဗ်အသင်းဟာ နောက်ဆုံးဆယ်ပွဲဆက် ဂိုးသွင်းထားနိုင်တာကြောင့် ဒီပွဲမှာ သေချာပေါက်ဂိုးရပါလိမ့်မယ်။ သုံးလုံးကိုးဆယ်စားဆိုတဲ့ ဂိုးပေါင်းကြေးကတော့ ပျော့ပြောင်းနေတာ တွေ့ရပြီး ဒီပွဲက ဝုဗ်အသင်းကပ်နိုင်ရင်နိုင် မနိုင်ရင်တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ်လို့ ထင်ပါတယ်။ အိမ်ရှင်ဝုဗ်အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပြီး သရေကျရင်တောင် ပြားနှစ်ဆယ်အနိုင်ရမှာ ဖြစ်တာကြောင့် ဝုဗ်ဘော်ဒီတစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အစ်ဆွချ် Vs ဘရန့်ဖို့
တန်းဆင်းသွားရပြီဖြစ်တဲ့ အိမ်ရှင်အစ်ဆွချ်ကို ဘရန့်ဖို့အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးဆိုပြီး ပြင်းရှစွာ ကြေးပေါက်နေပါတယ်။ ပထမအကျော့က ဘရန့်ဖို့ကွင်းမှာတောင် တစ်လုံးစားပေးခဲ့ချိန်မှာ
ဒီပေါက်ကြေးက ပြင်းလွန်းနေတာ ဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းက နောက်ဆုံးသုံးပွဲမှာ ဘရိုက်တန်နဲ့မန်ယူအသင်းကို လေးဂိုးအထိသွင်းခဲ့ပြီး ခံစစ်ကောင်းတဲ့ ဖောရက်အသင်းကို နှစ်ဂိုးသွင်းထားနိုင်တဲ့ ဘရန့်ဖို့တိုက်စစ်က အရမ်းကိုကောင်းနေပါတယ်။ ဒီခြေစွမ်းကြောင့် ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ ပြင်းရှနေတယ်လို့ ထင်ပါတယ်။ ဘရန့်ဖို့အသင်းက တိုက်စစ်ကောင်းပေမဲ့ ခံစစ်ကလည်း ပေးဂိုးများနေတဲ့အချက်ကြောင့် အိမ်ရှင်အစ်ဆွချ်ကိုတစ်ဂိုးတော့ ပြန်ပေးရမယ်လို့ ထင်ပါတယ်။ တကယ်လို့ အစ်ဆွချ်အသင်းသာ တစ်ဂိုးရသွားရင် ဘရန့်ဖို့အသင်းက သုံးဂိုးသွင်းမှ ကြေးအောင်မှာ ဖြစ်တဲ့အတွက် ဘော်ဒီအောက်ကြိုက်သလို ဂိုးပေါင်းအပေါ်ကိုလည်း ကြိုက်ပါတယ်။ နှစ်သင်းလုံး ဂိုးရနိုင်တာကြောင့် တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရနိုင်ပြီး သုံးဂိုးလောက်က အနိမ့်ဆုံးအနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါ်ကစားဖို့ ရွေးချယ်ပေးချင်ပြီး အိမ်ရှင်အစ်ဆွချ်အသင်း တစ်ဂိုးရသွားရင် အရှုံးမရှိနိုင်တာကြောင့် အစ်ဆွချ်ဘော်ဒီကို အရန်အနေနဲ့ ကစားစေချင်ပါတယ်။
◾ဘုန်းမောက် Vs အက်စတွန်ဗီလာ
ဗီလာအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သေးတာကြောင့် အားထည့်ကစားလာမှာ ဖြစ်ပေမဲ့ ဘုန်းမောက်အသင်းက ကစားရခက်သလို လက်ကျန်နှစ်ပွဲကလည်း စပါးအသင်းနဲ့ မန်ယူအသင်းတို့ ဖြစ်နေတာကြောင့် အမှတ်ရဖို့ ခက်ခဲလာနိုင်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရချင်တယ်ဆိုရင် ဒီပွဲကို သေချာပေါက်အနိုင်ရထားမှ အထက်ကအသင်းတွေကို ဖိအားပေးနိုင်မှာ ဖြစ်တာကြောင့် ဒီပွဲမှာ သုံးမှတ်ရဖို့ အရေးကြီး
ပါတယ်။ ဥရောပဖလားတွေမှာ ပရီးမီးယားလိဂ်ကအသင်းတွေ ဖလားရနိုင်တာကြောင့် ဘုန်းမောက်အသင်းကလည်း ဥရောပဝင်ခွင့်ရသွားနိုင်ပြီး နောက်ဆုံးငါးပွဲဆက် မရှုံးထားတာကို တွေ့ရပါတယ် ။ ဒီပွဲစဥ်မှာ ဘုန်းမောက်အသင်းက ဘော်ဒီကြေး ပြားတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ်။ တကယ်တော့ ဗီလာအသင်းက ကြေးကြေးပေးရမှာ ဖြစ်သလို အနိုင်ရဖို့လိုအပ်နေတာကြောင့် ပြားငါးဆယ်လောက်တောင် ပေးသင့်တာ ဖြစ်ပေမဲ့ ဘုန်းမောက်အသင်းက ကြေးကြောပြန်ပေးထားပုံအရဆို ဘုန်းမောက်အသင်း ဂိုးရပါလိမ့်မယ်။ အနိုင်သုံးမှတ်ရမှ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို မျှော်မှန်းနိုင်မဲ့ ဗီလာအသင်းကလည်း တိုက်စစ်ဖွင့်ကစားပြီး ဂိုးရနိုင်တာကြောင့် တစ်ဖက်တစ်ဂိုးစီသေချာနေပါတယ်။ ဘော်ဒီကြေးခပ်ပါးပါးသာ ပေးထားပေမဲ့ ဂိုးပေါင်းကြေးက မြင့်မားနေတာကြောင့် ဒီပွဲစဥ်က အနိမ့်ဆုံးအနေနဲ့ သုံးဂိုးကနေစကြည့်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။