
၆. ၅. ၂၀၂၅
Written by MMAK
ဘာစီလိုနာလို ကောင်းလွန်းပါတယ်ဆိုတဲ့အသင်းကို အဝေးကွင်းမှာ အနိုင်ကန်ထားပြီးမှ OG ကြောင့် သရေကျခဲ့ရတဲ့ အင်တာတို့ဟာ ဒီညမှာတော့ သူတို့အိမ်ကွင်းမှာ ဘာကာနဲ့ စီးချင်းထိုးရတော့မှာပါ။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့တဲ့အတွက် နှစ်သင်းလုံးမှာ နောက်တစ်ဆင့်တက်ဖို့အခွင့်အရေးကလည်း ရှိနေပြန်လို့ ဘယ်အသင်းနောက်တစ်ဆင့်တက်မလဲဆိုတာ စောင့်ကြည့်ရမဲ့ ချန်ပီယံလိဂ်ညချမ်းလည်း ဖြစ်ပါတယ်။
ပထမအကျော့ကစားခဲ့တဲ့ ဘာစီလိုနာကွင်းမှာဆိုရင် အဝေးကွင်းလာကစားရတဲ့ အင်တာမီလန်အသင်းက ပွဲအစ စက္ကန့်ပိုင်းမှာတင် ဦးဆောင်ဂိုးစရခဲ့သလို မိနစ်နှစ်ဆယ်ကျော်မှာ နောက်တစ်ဂိုး ထပ်ရခဲ့ပြီး နှစ်ဂိုးပြတ် ဦးဆောင်ထားခဲ့ပေမဲ့ ပွဲပြီးဆုံးချိန်မှာ တစ်ဖက်သုံးဂိုးစီနဲ့ သရေဖြစ်ခဲ့ပါတယ်။ ပထမအကျော့မှာ ဘာစီလိုနာအသင်းရဲ့ ဘော်ဒီကြေး မအောင်ခဲ့ပေမဲ့ ပြင်းရှစွာပေးခဲ့တဲ့ ဂိုးပေါင်းကြေး သုံးလုံးသရေကတော့ အောင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်လိုအဆင့်မှာ ဒီလိုမျိုး ဂိုးပေါင်းကြေးတွေက တွေ့ရခဲပေမဲ့ ဂိုးပေါင်းကြေး
အောင်ခဲ့တာကို တွေ့ရပါတယ်။
အခုပွဲစဥ်မှာလည်း ဘာစီလိုနာအသင်းကပဲ အထက်ကြေးပေါက်နေပြီး ဘော်ဒီကြေး ပြားတစ်ဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးဆိုပြီး ကြေးဖောက်ထားပါတယ်။ ဂိုးပေါင်းကြေးက ပထမအကျော့ထပ် ပိုပြင်းနေတာကို တွေ့ရပြီး ပထမအကျော့ကလို အပြန်အလှန်ဂိုးတွေ ထပ်မြင်ရမလားဆိုတာ စဥ်းစားစရာ ဖြစ်ပါတယ်။
ပထမအကျော့မှာ အင်တာမီလန်အသင်းက မိနစ်နှစ်ဆယ်လောက်မှာတင် နှစ်ဂိုးရသွားတာကြောင့် ဘာစီလိုနာအသင်းက တိုက်စစ်ကို အစွမ်းကုန်ဖွင့်ကစားခဲ့ရပြီး ချေပဂိုးတွေပြန်ရခဲ့သလို နောက်တစ်ဂိုးလည်းထပ်ပေးခဲ့ရတာကို တွေ့ရပါတယ်။ ဒုတိယအကျော့ဟာ နောက်တစ်ဆင့်တက်ဖို့ အဆုံးအဖြတ်ဖြစ်တာကြောင့် ပထမအကျော့ကလို ရဲရဲတင်းတင်းကစားကြတာမျိုး တွေ့ရမယ်လို့ မထင်ပါဘူး။
အင်တာမီလန်က ကောင်တာတိုက်စစ်ကောင်းတဲ့အသင်းမျိုးဖြစ်ပြီး မာတီနက်နဲ့အတူ တိုက်စစ်လမ်းကြောင်းတွေကို အကောင်းဆုံးပြေးထွက်ပြီး နေရာယူတတ်တဲ့ မားကပ်သူရမ်မပါနိုင်ပါဘူး။
ဘာစီလိုနာအသင်းမှာတော့ နောက်ခံလူခွမ်ဒီမပါနိုင်တာကြောင့် ယာမယ်နဲ့တွဲကစားမဲ့ ညာခြမ်းတိုက်စစ်က အနည်းငယ် အားလျော့သွားနိုင်သလို ဘာစီလိုနာရဲ့ ဘယ်ခြမ်းတိုက်စစ်က ယာဖင်ညာကိုဘဲ အားကိုးနေရပြီး ယာဖင်ညာကလည်း ညာတောင်ပံက လမိုင်းရာမယ်ဆီက ဖန်တီးပေးမှုတွေရမှသာ ဂိုးသွင်းနိုင်တာကြောင့် ဘာစီလိုနာရဲ့ တိုက်စစ်ဟာ ဒီပွဲမှာ အချိတ်အဆက် အားနည်းမှုတွေကို တွေ့ရမယ်လို့ ထင်ပါတယ်။ ညာတောင်ပံက ယာမယ်နဲ့ ကွင်းလယ်က ပက်ဒရီကိုသာ အင်တာမီလန်အသင်းက ထိန်းချုပ်ကစားခဲ့ရင် ဘာစီလိုနာအသင်းတိုက်စစ်က ဂိုးရဖို့ ခက်ခဲမယ်လို့ ယူဆထားပါတယ်။
နှစ်သင်းလုံးရဲ့ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေရှိနေပြီး ဒုတိယအကျော့ဖြစ်တာကြောင့် ထိန်းထိန်းသိမ်းသိမ်းကစားမယ်လို့ ထင်ပါတယ်။ သရေကျနေရင်တောင် အချိန်ပိုနဲ့ ပင်နယ်လ်တီကျန်သေးတာကြောင့် မိနစ်ကိုးဆယ်အတွင်းမှာ အဆုံးအဖြတ်ရလဒ်ပေါ်အောင် ကစားပြစရာ မလိုပါဘူး။ အင်တာမီလန်အသင်းသာ ဂိုးအရင်ရခဲ့ရင် နောက်တစ်ဂိုးသွင်းဖို့ထက် ခံစစ်ပိတ်ကစားနိုင်တာကြောင့် ပထမအကျော့ကလို ဘာစီလိုနာအသင်းအနေနဲ့ ဂိုးတွေပြန်ရဖို့ ခက်ပါလိမ့်မယ်။ ပထမပိုင်းမှာ တစ်ဂိုးလောက်ပဲ တွေ့ရနိုင်ပြီး အများဆုံးရောက်မှ သုံးဂိုးလောက်သာ ဖြစ်နိုင်တာကြောင့် ပြားသုံးဆယ်တော့ အနိမ့်ဆုံးအနေနဲ့ စားရမယ်လို့ ထင်ပါတယ်။
ဒီဂိုးပေါင်းကြေးဟာ ပထမအကျော့ထက် ပြင်းရှနေတာကြောင့် ထိုးသားတွေကို ဂိုးပေါ်ဦးမှာ၊ ဂိုးပေါ်ထက်နေပါလို့ ပြောနေသလို ခံစားရပါတယ်။ ဒီကြေးကို ဘွတ်ကီတွေရဲ့ ဂိုးပေါ်နေစေချင်တဲ့ ခေါ်ကြေးလို့ သတ်မှတ်ထားတာကြောင့် ဂိုးပေါ်မယ်မထင်သလိုအချက်အလက်တွေအရလည်း ဂိုးပေါ်စရာ အကြောင်းမရှိပါဘူး။ ဒီလိုဂိုးပေါင်းကြေးတွေဟာ အများဆုံးအနေနဲ့ သုံးဂိုးလောက်နဲ့ ပွဲပြီးတတ်ပြီး တကယ်လို့ မိနစ်ခြောက်ဆယ်လောက်မှာ သုံးဂိုးလောက် ဖြစ်နေရင်တောင် နောက်တစ်ဂိုးထပ်သွင်းဖို့ မကြိုးစားတော့ဘဲ ထိန်းသွားတတ်ပါတယ်။
ဒီအတွက်ကြောင့် စိတ်ကြိုက်ရွေးချယ်မှုအဖြစ် ဂိုးအောက်တစ်ခုတည်းကို ရွေးချယ်ပေးချင်ပြီး နောက်တစ်ဆင့်ကိုတော့ အိမ်ရှင်အင်တာမီလန်အသင်းက တက်ရောက်သွားမယ်လို့ ယူဆထားတာကြောင့် ဘော်ဒီကြေးထပ်ကစားချင်တယ်ဆိုရင် အင်တာမီလန်ဘော်ဒီကို အနည်းငယ်ကာကစားသင့်ပါတယ်။
