
၄ .၅. ၂၀၂၅
Written by MMAK
◾ဘရန့်ဖို့ Vs မန်ယူ
မန်ယူအသင်းက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အဝေးကွင်းကနေ သုံးဂိုးပြတ်အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ရှိနေပြီဆိုပေမဲ့ အိမ်ကွင်းပွဲမှာ အားထည့်ကစားဖို့ လိုပါသေးတယ်။ ပွဲဆက်တွေများနေသလို အရေးမကြီးတဲ့ ဒီပွဲစဥ်မှာ အရနိကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို အသုံးပြုလာနိုင်ခြေ ရှိပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်ဘရန့်ဖို့အသင်းက ဘော်ဒီကြေး တစ်လုံးခုနစ်ဆယ်စားအထိ ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ပေါက်နေပါတယ်။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ ပြင်းရှနေတာ တွေ့ရပြီး နောက်ပိုင်းပွဲစဥ်တွေမှာ တိုက်စစ်ကောင်းနေတဲ့ အိမ်ရှင်ဘရန့်ဖို့အသင်း သေချာပေါက် ဂိုးရနိုင်ပါတယ်။ မန်ယူအသင်းကို တစ်ဂိုးသွင်းရင်တောင် ကြေးအပြည့်မစားရဘူးဆိုတဲ့ ဘော်ဒီကြေးက ဘရန့်ဖို့အသင်း အနိုင်ရဖို့ သေချာတယ်ဆိုတဲ့ ဘော်ဒီကြေး ဖြစ်တယ်လို့ ယူဆထားပြီး ဒီပွဲစဥ်မှာ မန်ယူအသင်းက အရန်ကစားသမားတွေတောင် မဟုတ်ဘဲ လူငယ်အများစုနဲ့ ပွဲထွက်လာမယ်လို့ ယူဆထားပါတယ်။ ဘရန်ု့ဖို့အသင်းက ဥရောပဝင်ခွင့်ရနိုင်သေးတဲ့ အခြေအနေတွေကြောင့် အနိုင်ရထားဖို့လိုအပ်နေပြီး လူငယ်ကစားသမားတွေနဲ့ ပွဲထွက်လာမဲ့ မန်ယူအသင်းကို တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်တာကြောင့် အိမ်ရှင်ဘရန့်ဖို့အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝက်စ်ဟမ်း Vs စပါး
စပါးအသင်းက ယူရိုပါလိဂ်ကို အဓိကပစ်မှတ်ထားနေသလို ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘိုဒိုဂလင့်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တယ် ဆိုပေမဲ့ အ
ဝေးကွင်းကစားရမဲ့ ဒုတိယအကျော့ပွဲစဥ်က ခက်ခဲနိုင်တဲ့အတွက် အားထည့်ကစားဖို့ လိုပါသေးတယ်။
အခုပွဲစဥ်က လန်ဒန်ဒါဘီပွဲဖြစ်တာကြောင့် ဂုဏ်သိက္ခာအရ အရေးကြီးတယ်ဆိုပေမဲ့ တိုက်စစ်မှူးဆိုလန်ကီနဲ့ ကွင်းလယ်လူ မက်ဒီဆင်တို့ မပါနိုင်တာကြောင့် ရုန်းကန်ရဖို့ ရှိနေပြီး လူငယ်ကစားသမားတွေကိုလည်း ပွဲထုတ်လာနိုင်ပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက နောက်ဆုံးခုနစ်ပွဲဆက် နိုင်ပွဲမရထားပေမဲ့ ဘော်ဒိီကြေး ပြင်းရှနေတာကြောင့် နိုင်ပွဲပြန်ရဖို့ ကြိုးစားလာနိုင်ပြီး ပထမအကျော့က ဂိုးပြတ်ရှုံးပွဲကို လက်စားချေ နိုင်ပွဲ ပြန်ရအောင် ကြိုးစားလာမယ်လို့ ထင်ပါတယ်။ စပါးအသင်းက ကြားရက်မှာ ကစားရမဲ့ ဘိုဒိုဂလင့်နဲ့ပွဲကို အာရုံရောက်နေနိုင်ပြီး ဒီပွဲက ရှုံးသွားရင်လည်း ပြဿနာမရှိဘဲ ယူရိုပါလိဂ်ဖလားရရှိရေးက အဓိကဖြစ်နေပါတယ်။ နှစ်သင်းလုံးတိုက်စစ်ဖွင့်ကစားလာနိုင်ပြီး စပါးခံစစ်က အရမ်းညံ့တာကြောင့် အိမ်ရှင်ဝက်စ်ဟမ်းအသင်းက အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

◾ဘရိုက်တန် Vs နယူးကာဆယ်
ရာသီဆုံးခါနီးမှာ အရမ်းကောင်းနေတာက နယူးကာဆယ်အသင်းဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားနေသလို တိုက်စစ်ကလည်း ဂိုးသွင်းကြမ်းနေပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ ဘရိုက်တန်အသင်းက ဂိုးသွင်းနိုင်သလို ဂိုးလည်းပေးတယ်ဆိုတဲ့ ကစားပုံမျိုးကို တွေ့ရပြီး နောက်ဆုံးငါးပွဲဆက် ဂိုးပေါ်ကစားထားပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် နိုင်ပွဲလိုအပ်နေတာကြောင့် အနိုင်ရလဒ်ကို ဦးတည်ကစားမှာ ဖြစ်သလို ကြေးကြောပြန်ပေးထားပုံအရ သေချာပေါက် ဂိုးရမယ်လို့ ယူဆရမှာပါ။ အိမ်ရှင်ဘရိုက်တန်အသင်းကလည်း ဂိုးရနိုင်တာကြောင့် တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ်လို့ ထင်ပါတယ်။ ဘော်ဒီကြေးပါးပါးသာ ပေးထားပေမဲ့ ဂိုးပေါင်းကြေးက ပြင်းရှနေတာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သုံးဂိုးလောက်က အနိမ့်ဆုံး အနေနဲ့နဲ့ မြင်ရဖို့ ရှိပါတယ်။ နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားလာနိုင်တာကြောင့် ပထမပိုင်းမှာတင် နှစ်ဂိုးလောက်ထိ တွေ့ရနိုင်ပြီး ပွဲပြီးဆုံးချိန်မှာ သုံးဂိုးလောက်ထိ မြင်ရဖို့က မခက်ပါဘူး။ ဒီပွဲစဥ်မှာ တိုက်စစ်ကောင်းတဲ့အသင်းနှစ်သင်းရဲ့ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရနိုင်ပြီး နိုင်ပွဲရရှိရေး ဦးတည်ကစားလာနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ချဲလ်ဆီး Vs လီဗာပူး
လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလားကို ရရှိသွားပြီးဖြစ်တာကြောင့် လက်ကျန်လေးပွဲက အရေးမကြီးတော့ဘဲ ပွဲထွက်ခွင့်သိပ်မရတဲ့ အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို နေရာပေးလာနိုင်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် နိုင်ပွဲလိုအပ်နေပြီး လက်ကျန်လေးပွဲလုံးက ခက်ခဲနေတာကြောင့် အမှတ်မလိုတဲ့ လီဗာပူးအသင်းကို အိမ်ကွင်းပွဲမှာ အနိုင်ရထားဖို့ လိုပါတယ်။ လက်ကျန်လေးပွဲမှာ လီဗာပူးနဲ့ မန်ယူအသင်းက အမှတ်မလိုပေမဲ့ အသင်းကြီးတွေ ဖြစ်တာကြောင့် ကစားရတာ ခက်ခဲနိုင်ပြီး နယူးကာဆယ်နဲ့ ဖောရက်အသင်းတို့က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အပြိုင်ဖြစ်နေတဲ့ အသင်းနှစ်သင်းဖြစ်တာကြောင့် ချဲလ်ဆီးအသင်းရဲ့
လက်ကျန်လေးပွဲလုံးက ခက်ခဲနိုင်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးပေါက်ပါတယ်။ တကယ်တော့ လီဗာပူးအသင်းက ကြေးကြောပေးရမှာ ဖြစ်ပေမဲ့ ဖလားရသွားပြီဖြစ်တာကြောင့် အားထည့်ကစားဖို့ မလိုအပ်တဲ့အတွက် နိုင်ပွဲလိုနေတဲ့ ချဲလ်ဆီးအသင်းက ကြေးကြောပြန်ပေးထားရခြင်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အမှတ်မလိုတဲ့ အသင်းတွေ ဖြစ်တဲ့ မန်ယူနဲ့စပါးတို့ကို ဆန့်ကျင်ခဲ့သလို လီဗာပူးအသင်းကိုလည်း ဆန့်ကျင်ရမှာပါ။ အရန်တွေနဲ့ ပွဲထွက်လာနိုင်တဲ့ လီဗာပူးအသင်းကို အိမ်ရှင်ချဲလ်ဆီး ကပ်နိုင်သွားမယ်လို့ ယူဆထားပါတယ်။
◾အော့စ်ဘတ် Vs ဟော့စတိန်းကီး
အော့စ်ဘတ်အသင်းက အမှတ်မလိုတဲ့အတွက် အရေးမကြီးပေမဲ့ တန်းဆင်းဇုန်ထဲက ဟော့စတိန်းကီးအတွက်ကတော့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်တာကြောင့် လုံးဝရှုံးလို့မရတဲ့ ပွဲစဥ်တစ်ခု ဖြစ်နေပါတယ်။ ဒီပွဲစဥ်မှာ အော့စ်ဘတ်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ်။ အော့စ်ဘတ်အသင်းက အိမ်ကွင်းကောင်းတယ်ဆိုပေမဲ့ ဘော်ဒီကြေးအရ သရေကျသွားနိုင်သလို ဂိုးပေါင်းကြေးအရဆိုရင်လည်း ဟော့စတိန်းကီးအသင်း ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ဟော့စတိန်းကီးအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ရုန်းကစားနေတာကို တွေ့ရပြီး ဒီပွဲစဥ်မှာလည်း အနိုင်ရဖို့ ဦးတည်ကစားလာနိုင်တာကြောင့် ဂိုးရဖို့ သေချာသလောက်ရှိနေပြီး အနိုင်မရရင်တောင် သရေကျအောင် ကစားနိုင်တယ်လို့ ယူဆထားပါတယ်။ Play -off ကစားခွင့်နေရာက ဟိုက်ဒမ်ဟိမ်းအသင်းကို ဖိအားပေးနိုင်ဖို့ လိုအပ်နေပြီး လက်ကျန်သုံးပွဲအလိုမှာ အမှတ်ရဖို့လိုအပ်နေတာကြောင့် ဒီပွဲစဥ်မှာ အနိမ့်ဆုံးအနေနဲ့ သရေတစ်မှတ်ရထားဖို့ လိုပါတယ်။ သရေကျရင်တောင် အောက်အသင်းဖြစ်တဲ့ ဟော့စတိန်းကီးအသင်းက ကြေးစားရမှာ ဖြစ်တဲ့အပြင် အနိုင်ရသွားရင် သူတို့အသင်းအတွက် ပိုကောင်းမှာ ဖြစ်တာကြောင့် ဒီပွဲစဥ်မှာ ဖောင်ဖျက်ကစားလာမဲ့ ဟော့စတိန်းကီးအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပါတယ်။
