



၁၆.၄.၂၀၂၅
Written by Hey Mar
ဆည်တမံအတွင်း ရေဆင်းကစားရာက အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ နေ့လယ်က ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ လက်ပန်လှလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်ပွားခဲ့တဲ့ဆည်က မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ မာလဲနတ်တောင် ဆည်တွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသားက အသက် ၃၅ နှစ်ဝန်းကျင် သက်လတ်ပိုင်းလူရွယ်တစ်ဦးဖြစ်ကာ အရက်သေစာသောက်စားမူးယစ်ပြီး ဆည်ထဲဆင်းရေကစားရာက အခုလို သေဆုံးခဲ့တာလို့ သိရပါတယ်။
ရေနစ်သေဆုံးသူ အမျိုးသားက ကံပျိုကျေးရွာကနေ အခုလို လာရောက်လည်ပတ်တာလို့ သိရှိရပြီး ရေနစ်နေတာကြောင့် လက်ပံလှ ကူညီကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားရာ ကယ်ဆယ်ရေးအဖွဲ့က မိနစ် ၂၀ အတွင်း ရှာဖွေကူညီနိုင်ခဲ့ပေမယ့် သေဆုံးလျှက် ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကို လက်ပံလှကူညီကယ်တယ်ရေးအသင်းကပဲ နေရပ်ဖြစ်တဲ့ ကံပျိုကျေးရွာ နေအိမ်ဆီ ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
