
၁၀.၃.၂၀၂၅
Written By Thandar
“အဖြူရောင်သက္ကရာဇ်” ဇာတ်လမ်းတွဲမှာ ကျောင်းသားလေး ထူးဇော်ကာရိုက်တာနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်ထူးကတော့ ယာဉ်မတော်တဆဖြစ်ပြီး ယနေ့ မတ်လ ၁၀ ရက်နေ့ မနက် ၆ နာရီခန့်မှာ ရန်ကုန်မြို့ မြောက်ဥက္ကလာ ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။


“ဟုတ်ပါတယ်။ ထူး ဆုံးသွားတာပါ။ ယာဉ်မတော်တဆမှုနဲ့ ရန်ကုန်မြောက်ဥက္ကလာဆေးရုံမှာ ခုမနက် ဆုံးတာပါ။ ဒီအချိန်မှာ ကျွန်မအနေနဲ့ ဘာမှမပြောချင်သေးပါဘူးရှင့်”လို့ သရုပ်ဆောင် ထူးရဲ့ မိသားစုဝင်တစ်ဦးက MT Entertainment ကို ပြောပါတယ်။
သူ့ဟာတော့ ယာဥ်မတော်တဆမူဖြစ်ပြီး ဦးခေါင်းဒဏ်ရာနဲ့ မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမူခံယူနေစဉ်မှာပဲ ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၆ နာရီကျော်က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ထူးကတော့ “အဖြူရောင် သက္ကရာဇ်”၊ “မယ်ချို ” ဇာတ်လမ်းတွဲနဲ့ “ယောက်ျားကောင်း အတောင်နှစ်ဆယ်” ရုပ်ရှင်ကားမှာ ပါဝင်ခဲ့ပြီးပရိသတ်က အားပေးကြတဲ့သူလည်းဖြစ်ပါတယ်။
ကလေးသရုပ်ဆောင် ဘဝနဲ့ ဇာတ်ကားများစွာ ရိုက်ကူးခဲ့ရပြီး အခု လူကြီးသရုပ်ဆောင်အနေနဲ့လည်း သရုပ်ဆောင်အဖြစ် ပရိသတ် အားပေးမှုရရှိခဲ့သူလည်း ဖြစ်ပါတယ်။