MT News
၁၀.၃. ၂၀၂၅
တရုတ်နိုင်ငံ၊ အီရန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ရေတပ်များက မတ်လအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
“Security Belt-2025” ဟု အမည်ပေးထားသော အဆိုပါစစ်ရေးလေ့ကျင့်မှုအား အီရန်ဆိပ်ကမ်းမြို့ ချာဘာဟာအနီး နယ်နိမိတ်အတွင်း ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် Type 052D ပဲ့ထိန်းဒုံးပျံ Baotou နှင့် ထောက်ပံ့ရေးသင်္ဘော Gaoyouhu အား လေ့ကျင့်မှုတွင် ပါဝင်ရန် ၄၇ ခုမြောက် ရေတပ်အစောင့်တပ်ဖွဲ့မှ စေလွှတ်မည်ဖြစ်သည်။
ပဲ့ထိန်းဒုံးကျည် ဖရီးဂိတ်သင်္ဘော Honghe နှင့် သင်္ဘောပေါ်ရှိ ရဟတ်ယာဉ်နှစ်စင်းတို့တွင် ပါ၀င်သည့် တပ်ဖွဲ့ဝင် အပြည့်အစုံသည် ဒီဇင်ဘာလကတည်းက အနီးနားရှိ အေဒင်ပင်လယ်ကွေ့တွင် ကင်းလှည့်လျက်ရှိသည်။
ယမန်နှစ်က လေ့ကျင့်ခန်းကို မတ်လ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ပြီး ယခုနှစ် စစ်ရေးလေ့ကျင့်မှု အစီအစဉ်၌ ပင်လယ်ရေကြောင်း ပစ်မှတ်များကို ချေမှုန်းခြင်း၊ အထိအခိုက် အပျက်အစီး ထိန်းချုပ်ခြင်း၊ ပူးတွဲရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာ လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့်နိုင်ငံများမှ ရေတပ်များအကြား စစ်ဘက်ဆိုင်ရာ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရေး၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရည်ရွယ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။
Ref, Xinhua & SCMP
