




၉.၃. ၂၀၂၅
Written by MMAK
◾ ချဲလ်ဆီး Vs လက်စတာ
ချဲလ်ဆီးအသင်းက ဥရောပဝင်ခွင့်တစ်နေရာရဖို့ ရုန်းကန်နေရသလို လက်စတာအသင်းကလည်း တန်းဆင်းဇုန်ကလွတ်ဖို့ ရုန်းကန်နေရပါတယ် ။ ချဲလ်ဆီးအသင်းက ကြားရက်မှာ ကွန်းဖရင့်လိဂ်ပွဲကစားရဖို့ ရှိပေမဲ့ ဒီပွဲကိုသာ အာရုံစိုက်ကစားလာနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ အိမ်ရှင်ချဲလ်ဆီးအသင်းက ဘော်ဒီကြေး နှစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ် ။ နောက်ပိုင်းပွဲစဥ်တွေမှာ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းက လုံးဝစုတ်ပြတ်နေပြီး ကစားသမားတွေလည်း ယုံကြည်မှုပျောက်ဆုံးနေတဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ် ။ နောက်တစ်ချက်က ရာသီအစကလို ကစားသမားတွေ အများကြီးမရှိတော့ဘဲ ရောင်းလိုက်တဲ့ ကစားသမားတွေ ၊ ဒဏ်ရာပြဿနာရှိနေတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ကစားသမား ရွေးချယ်ဖို့တောင် ခက်ခဲလာတာမျိုး တွေ့ရပါတယ် ။ နှစ်လုံးငါးဆယ်စားဆိုတဲ့ ဘော်ဒီကြေးမှာ ချဲလ်ဆီးအသင်း အနိုင်ရခဲ့ရင် နှစ်ဂိုးထပ်မပိုနိုင်ဘဲ ကပ်နိုင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ ချဲလ်ဆီးအသင်း သုံးဂိုးပြတ်မနိုင်ဘူးလို့ ယူဆထားတာကြောင့် ပြားငါးဆယ်ရင်းပြီး လက်စတာအသင်းကို ရွေးချယ်ရမှာပါ ။ လက်စတာအသင်းကသာ တစ်ဂိုးလောက်ရသွားရင် လေးဂိုးသွင်းမှ ကြေးအပြည့်စားရမဲ့ ချဲလ်ဆီးအသင်းကို လက်ရှောင်ထားချင်ပါတယ် ။
◾ စပါး Vs ဘုန်းမောက်
စပါးကွင်းမှာ ဘုန်းမောက်အသင်းက ပြားနှစ်ဆယ်အရှုံးပေးထားတာကို တွေ့ရပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံး ဖြစ်ပါတယ် ။ စပါးအသင်းက ကြားရက်မှာ ကစားရမဲ့ ဖီယင်နုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဥ်ကို အာရုံရောက်နေနိုင်သလို လက်ရှိခြေစွမ်းကလည်း အသင်းကြီးအဆင့်မှာမရှိဘဲ သာမာန်အဆင့်မှာပဲ ရှိပါတယ် ။ ဘုန်းမောက်အသင်းက ဥရောပဝင်ခွင့်တစ်နေရာကို ရနိုင်သေးတာကြောင့် အားထည့်ကစားလာနိုင်ပေမဲ့ စပါးအသင်းကတော့ ဒီပွဲက သိပ်အရေးမကြီးပါဘူး ။ ဂိုးပေါင်းကြေးအရမ်းပြင်းနေတာကို တွေ့ရတာကြောင့် အပြန်အလှန်တိုက်စစ်ဖွင့်ကစားမယ်ဆိုတဲ့ ပုံစံမျိုးတွေ့ရပြီး ဂိုးသွင်းသေချာတဲ့အသင်းက အနိုင်ရသွားနိုင်ပါတယ် ။ စပါးခံစစ်ကို သိပ်မယုံတာကြောင့် အဝေးကွင်းကနေကြေးကြောပေးထားတဲ့ ဘုန်းမောက်အသင်းကို ပြားနှစ်ဆယ်ရင်းပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ် ။
◾မန်ယူ Vs အာဆင်နယ်
နှစ်သင်းလုံး ကြားရက်မှာ ဥရောပပွဲစဥ်တွေ ကစားရဖို့ရှိပေမဲ့ PSV အသင်းကို ဂိုးပြတ်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းက အားထည့်စရာမလိုဘဲ ဆိုစီဒက်အသင်းနဲ့ ကစားရမဲ့ မန်ယူအသင်းက အားထည့်ကစားဖို့လိုပါတယ် ။ ဒီပွဲစဥ်မှာ အဝေးကွင်းအာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ဖြစ်ပါတယ် ။ ပထမအကျော့ အာဆင်နယ်ကွင်းမှာ တစ်လုံးသရေပေးခဲ့တာ ဖြစ်တဲ့အတွက် အခုပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ သရေအရှုံးလောက်သာ ပေးရမှာ ဖြစ်တာကြောင့် အခုပေးထားတဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှနေပါတယ် ။ အာဆင်နယ်တိုက်စစ်မှာ လူမစုံတာတောင် ပေါက်ကြေးက လိုအပ်တာထက်ပြင်းရှနေတာကို တွေ့ရပါတယ် ။ လက်ရှိခြေစွမ်းမှာတော့ အာဆင်နယ်အသင်းက သိသိသာသာ အသာရနေတာမျိုး တွေ့ရပေမဲ့ မန်ယူကွင်းမှာ နှစ်ဂိုးပြတ်နိုင်ပါ့မလားဆိုတာတော့ စဥ်စားစရာ ဖြစ်ပါတယ် ။ ဂိုးပေါင်းကြေးကိုကြည့်မယ်ဆိုရင် အရမ်းပျော့နေတာမျိုး တွေ့ရတာကြောင့် ခံစစ်ကောင်းတဲ့ အာဆင်နယ်အသင်းကို မန်ယူအသင်း ဂိုးရဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်ရမှာပါ ။ အမှတ်ပေးဇယားအလယ်က မန်ယူအသင်း ပရီးမီးယားလိဂ်မှာ အားထည့်စရာမလိုတာကြောင့် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်တဲ့ အာဆင်နယ်အသင်းကိုပဲ ရွေးချယ်ရမှာပါ ။
◾ဟော့ဖန်ဟိမ်း Vs ဟိုက်ဒမ်ဟိမ်း
ဇယားအောက်ဆုံး ဟိုက်ဒမ်ဟိမ်းအသင်းနဲ့ တန်းဆင်းဇုန်အထက်နားက ဟော့ဖန်ဟိမ်းအသင်းတို့ ထပ်တိုက်တွေ့နေတာဖြစ်ပါတယ် ။ ဒီပွဲစဥ်မှာ ဟော့ဖန်ဟိမ်းအသင်းက ဘော်ဒီကြေးတစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ် ။ ဟိုက်ဒမ်ဟိမ်းအသင်းရဲ့လက်ရှိခြေစွမ်းက အရမ်းဆိုးနေပေမဲ့ ဒီပွဲမှာ ရှုံးသွားရင် တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ မလွယ်ကူနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ် ။ တစ်လုံးရှစ်ဆယ်စားဆိုတဲ့ ဟော့ဖန်ဟိမ်းအသင်းရဲ့ ဘော်ဒီကြေးကလည်း သရေကျသွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်တာကြောင့် အောက်အသင်းဖြစ်တဲ့ ဟိုက်ဒမ်ဟိမ်းအသင်းကို ကြိုက်ပါတယ် ။ ခြေစွမ်းအရဆို ဟိုက်ဒမ်ဟိမ်းအသင်းက မကြိုက်ပေမဲ့ ပေါက်ကြေးနဲ့ အဆင့်ရပ်တည်မှုအရ ဟိုက်ဒမ်ဟိမ်းအသင်းကို ရွေးချယ်ရမှာဖြစ်ပါတယ် ။
◾ဘက်တစ် Vs လက်ပါးမက်စ်
ဘက်တစ်အသင်းက ခြေစွမ်းကောင်းတယ်ဆိုပေမဲ့ ဒီပွဲပြီးရင် အရေးကြီးတဲ့ ကွန်းဖရင့်လိဂ်ပွဲ ကစားရဖို့ရှိပါတယ် ။ တန်းဆင်းဇုန်ထဲက လက်ပါးမက်စ်အသင်းက ကိုးပွဲဆက်တိုက်နိုင်ပွဲပျောက်နေပြီး တော်တော်လေးဆိုးရွားတဲ့ ရလဒ်မျိုးတွေ တွေ့နေရပါတယ် ။ ဒီပွဲစဥ်မှာ အိမ်ရှင်ဘက်တစ်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ် ။ ကွန်းဖရင့်လိဂ်ပွဲကစားရမဲ့ ဘက်တစ်အသင်းရဲ့ ဘော်ဒီကြေးက လိုအပ်တာထက် ပိုမိုပြင်းရှနေပြီး ပထမအကျော့မှာ ပြားငါးဆယ်အရှုံးလောက်သာ ပေးခဲ့တာကြောင့် ဒီပွဲစဥ်မှာ တစ်လုံးငါးဆယ်စားလောက်သာ ပေးရမှာဖြစ်ပါတယ် ။ တန်းဆင်းဇုန်ထဲက လက်ပါးမက်စ်အသင်းကလည်း အမှတ်လိုအပ်ချက် ရှိတယ်ဆိုပေမဲ့ ဆိုးရွားလွန်းတဲ့ ကစားပုံက သွင်းဂိုးတွေ ခွင့်ပြုရမှာ သေချာပါတယ် ။ ဒီပွဲမှာ လိုအပ်တာထက်ပြင်းရှနေတဲ့ ပေါက်ကြေးကြောင့် အိမ်ရှင်ဘက်တစ်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
