




၉.၃.၂၀၂၅
Written By Thandar
Royal King ရုပ်ရှင်နဲ့ဗီဒီယို ထုတ်လုပ်ရေးက ဒရာမာဇာတ်လမ်းပုံစံ “အဆိပ်သင့် ဝိုင်” ဇာတ်လမ်းတွဲ ကန် တော့ပွဲပေးအခမ်းအနားကို ယနေ့ မတ်လ ၉ ရက် နံနက် ၈နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“မေလက ဒီဇာတ်ကားမှာက DJ တီးတဲ့ကောင်မလေးတစ်ယောက်နေရာက ပါဝင်ရမှာပါ။ ဒရာမာကိုမှ နည်းနည်းအလောင်လေးတွေလည်း ပါတယ်။ ဖက်ရှင်ပိုင်းတွေရော ဒီဇိုင်းတွေရော ကိုယ်တိုင်လည်း ကာရိုက်တာနဲ့ လိုက်ဖက်အောင်ပြင်ဆင်နေပါတယ်”လို့ သရုပ်ဆောင် မေလသံစဉ်ကပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းပိုင်းကို လုံမက ရေးသားပြီးတော့ DOP မိုက်တိုင်စံ၊ AD ရွှေဒါး Anna၊ ဒါရိုက်တာ ထက်ကြီး(ပေါက်ကွဲသည်) က လာမယ့် မတ်လ ၁၅ ရက်နေ့က စတင်ပြီးတော့ ရန်ကုန်မြို့မှာ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ကောင်းမြတ်စံ၊ ဘုန်းမင်းနေလ၊ နေရှိုင်း၊ လင်းသစ်အောင်၊ နန်းခင်ဇေယျာ၊ မေလသံစဉ်၊ ကျော်ကျော်အိန္ဒြာ၊ ယွန်းဖြူစင်နွယ်၊ နွေးနွေးချစ်ဖွယ်၊ ချယ်ချယ်၊ မြင့်မြတ်မိုး၊ အေးမြတ်နိုးစံ၊ မင်းသူ၊ ဘုန်းလျှံ၊ ကျော်ဇင်ထွဋ်၊ အကယ်ဒမီ ဝါဝါအောင်၊ ဒေါ်ခင်အုံးမြင့်၊ အေးအေးအောင်၊ ဆက်ထူးသစ်၊ မိုးဇင်၊ ရွှေရတီ နဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
