



၁. ၃. ၂၀၂၅
Written by MMAK
◾ ဘုန်းမောက် Vs ဝုဗ်
အင်္ဂလန် FA Cup ၁၆ သင်းအဆင့်ပွဲစဥ်တစ်ခုဖြစ်ပြီး
အနိုင်ရတဲ့အသင်းက ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာဖြစ်တာကြောင့် ပြီးခဲ့တဲ့တစ်ပတ်ကျော်ကတောင် တွေ့ဆုံခဲ့ကြပြီး အဝေးကွင်းလာကစားတဲ့ ဝုဗ်အသင်းက တစ်ဂိုးအသာနဲ့ကပ်နိုင်သွားပါတယ်။ သို့ပေမဲ့ အဒီပွဲမှာ ဘုန်းမောက်အသင်းက တစ်ယောက်လျော့ခဲ့သလို ပေါက်ကြေးကလည်း တစ်လုံးသရေလောက်ထိ ပေးခဲ့တာမျိုး တွေ့ရပါတယ်။ အခုဖလားပွဲမှာတော့ အိမ်ရှင်ဘုန်းမောက်အသင်းက တစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဒီပွဲဟာ အချိန်ပိုအထိ မရောက်နိုင်ဘဲ မိနစ်ကိုးဆယ်အတွင်း အဖြေပေါ်သွားနိုင်ပါတယ်။ ဘုန်းမောက်အသင်းအနေနဲ့ အိမ်ကွင်းကစားရတဲ့ နှစ်ပွဲလုံးကို ထပ်ရှုံးမယ်လို့မထင်ဘဲ အခုအိမ်ကွင်းပွဲမှာ တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်လို့ထင်ပါတယ်။ တစ်လုံးလေးဆယ်စားဆိုတဲ့ ဘော်ဒီကြေးကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးမျိုး ဖြစ်တာကြောင့် အိမ်ရှင်ဘုန်းမောက်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ မန်စီးတီး Vs ပလိုင်းမောက်
ပလိုင်းမောက်အသင်းက ၃၂ သင်းအဆင့်မှာ လီဗာပူးအသင်းကို ဖြုတ်ချခဲ့တယ်ဆိုပေမဲ့ အခုပွဲစဥ်မှာတော့ ထွက်ခွာရဖို့များပါတယ်။ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာမဲ့ မန်စီးတီးအသင်း အနိုင်သေချာနေပေမဲ့ သုံးလုံးသရေဆိုတဲ့ ဘော်ဒီကြေးမှာ လေးဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်တဲ့အတွက် ကြေးအောင်ဖို့ ခက်ပါတယ်။ ဒီပွဲမှာ ပလိုင်းမောက်အသင်း ဂိုးရဖို့မလွယ်ဘဲ မန်စီးတီးအသင်းရဲ့ သွင်းဂိုးတွေကိုပဲ မြင်ရဖို့ရှိသလို အရန်ကစားသမားတွေနဲ့ ပွဲထွက်လာမဲ့ မန်စီးတီးအသင်းလည်း ဂိုးအများကြီး သွင်းနိုင်မယ် မထင်ပါဘူး။ FA ဖလားပွဲစဥ်တွေမှာ အသင်းကြီးတွေက အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို အသုံးပြုနေတာကြောင့် အနိုင်ရပေမဲ့ ကြေးအောင်လေ့မရှိပါဘူး။ လေးလုံးသရေပေးထားတဲ့ ဂိုးပေါင်းကြေးကို ကြည့်မယ်ဆိုရင် ငါးဂိုးပြည့်မှ ကြေးရှုံးမှာ ဖြစ်တဲ့ ဂိုးပေါင်းအောက်ကို အကြိုက်တွေ့ပါတယ်။ အပေါ်မှာ ပြောခဲ့သလို မန်စီးတီးတစ်သင်းတည်းရဲ့ သွင်းဂိုးတွေကိုပဲ မြင်ရမှာ ဖြစ်ပေမဲ့ ငါးဂိုးလောက်ထိ မရောက်နိုင်ဘူးလို့ ယူဆထားတဲ့အတွက် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဘိုချမ် Vs ဟော့ဖန်ဟိမ်း
နောက်ပိုင်းပွဲစဥ်တွေမှာ ဘိုချမ်အသင်းရဲ့ တန်းဆင်းဇုန်ရုန်းအားက သိသိသာသာ ကောင်းမွန်လာပြီး ဒေါ့မွန်အသင်းကို အနိုင်ရကာ ဝုလ်ဘတ်အသင်းကို သရေကစားနိုင်ခဲ့တဲ့ ခြေစွမ်းက အသိအမှတ်ပြုချင်စရာ ကောင်းပါတယ်။ ဟော့ဖန်ဟိမ်းအသင်းက အိမ်ကွင်းကောင်းပေမဲ့ အဝေးကွင်းခြေစွမ်းကတော့ သာမာန်အနေအထားမှာဘဲ ရှိပါတယ်။ ဒီပွဲမှာ ဘိုချမ်အသင်းက ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်း သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ ဘိုချမ်အသင်းက တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေသလို တန်းဆင်းဇုန်ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ဟော့ဖန်ဟိမ်းအသင်းကို အမှတ်ကွာဟမှု လျှော့ချထားဖို့ လိုအပ်နေပြီး အခုလို အိမ်ကွင်းပွဲမှာ အမှားခံမယ် မထင်ပါဘူး။ ဒီပွဲပြီးရင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် သရေတစ်မှတ်တောင် ရဖို့မလွယ်ဘဲ အခုပွဲစဥ်ကိုသာ သုံးမှတ်ရဖို့ ကြိုးစားလာနိုင်ပါတယ်။ အိမ်ရှင်ဘိုချမ်အသင်း ရှုံးနိမ့်သွားမယ်လို့ မထင်ဘဲ သရေနဲ့အနိုင် တစ်ခုခုရအောင် ကစားပြနိုင်တယ်လို့ ထင်ပါတယ်။ သရေကျရင်တောင် ပြားနှစ်ဆယ်ဘဲ ရှုံးမှာဖြစ်တဲ့အတွက် အိမ်ရှင်ဘိုချမ်အသင်းကို ပြားနှစ်ဆယ်ရင်းပြီး ရွေးချယ်သင့်ပါတယ်။
◾ ဝါဒါဘရီမင် Vs ဝုလ်ဘတ်
ဥရောပဝင်ခွင့်နေရာနဲ့ လေးမှတ်သာ လျော့နည်းတာကြောင့် ဝုလ်ဘတ်အသင်းအနေနဲ့ နောက်ရာသီမှာ ဥရောပဝင်ခွင့် တစ်နေရာရဖို့အတွက် မျှော်လင့်ချက်ရှိနေပါတယ်။ ဒီရာသီမှာ ဝုလ်ဘတ်အသင်း အဆင့်ကောင်းတစ်ခုကို ရောက်ရှိနေရခြင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း ကောင်းမွန်မှုက အဓိကကျပါတယ်။ ဥရောပဝင်ခွင့်နေရာနဲ့ ရှစ်မှတ်အကွာမှာ ရပ်တည်နေတဲ့ ဝါဒါဘရီမင်အသင်းကလည်း မျှော်လင့်ချက်ရှိနေပြီး ကြိုးစားခွင့်ရှိနေတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အဝေးကွင်းဝုလ်ဘတ်အသင်းက ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ အဝေးကွင်းကစားရမဲ့ ဝုလ်ဘတ်အသင်းက ကြေးကြောပြန်ပေးထားတာ တွေ့ရပြီး ဒါဟာ ဝုလ်ဘတ်အသင်းဂိုးရမယ်ဆိုတဲ့ ပေါက်ကြေး ဖြစ်သလို တိုက်စစ်ကောင်းတဲ့ ဝါဒါဘရီမင်အသင်းကလည်း ဂိုးရဖို့ မခက်ပါဘူး။ ဂိုးပေါင်းကြေး ပျော့နေပေမဲ့ အပြန်အလှန်သွင်းဂိုးတွေနဲ့ တစ်ဖက်တစ်ဂိုးစီလောက် မြင်ရဖို့ ရှိပါတယ်။ တိုက်စစ်ကောင်းတဲ့အသင်းနှစ်သင်း ဖြစ်သလို ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရတာကြောင့် ဂိုးပေါ်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။
◾လိုက်ဇစ် Vs မိန့်ဇ်
လိုက်ဇစ်အသင်းက ဒီရာသီမှာ ခြေစွမ်းအကျဘက်ကို ရောက်နေသလို တစ်ပွဲနိုင်ပြီးရင် သုံးပွဲလောက် သရေပြန်ကျနေတာကြောင့် နိုင်ပွဲတစ်ပွဲရဖို့ ရုန်းကန်နေရပါတယ်။ မိန့်ဇ်အသင်းကတော့ ဒီရာသီမှာ တော်တော်လေး ခြေစွမ်းကောင်းနေပြီး ဥရောပဝင်ခွင့်တစ်နေရာတောင် ရသွားနိုင်တဲ့ ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲစဥ်မှာ ပေါက်ကြေးအရ ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး အိမ်ရှင်လိုက်ဇစ်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ မိန့်ဇ်အသင်းက ခံစစ်လုံအောင်ကစားပြီးမှ တန်ပြန်တိုက်စစ်နဲ့ ဂိုးရအောင် ကစားတတ်တာကြောင့် ခံစစ်ကောင်းတယ်လို့ ပြောလို့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ရှစ်ပွဲမှာ တစ်ပွဲသာ ဂိုးပေါင်းအောင်ခဲ့ပြီး ခုနစ်ပွဲအထိ ဂိုးအောက်ထားပါတယ်။ လိုက်ဇစ်အသင်းရဲ့ တစ်လုံးရှစ်ဆယ်စားဆိုတဲ့ ဘော်ဒီကြေးဟာ နိုင်ကြေးမဟုတ်သလို ဂိုးပေါင်းကြေးကလည်း ဂိုးပေါ်အောင်မဲ့ ပေါက်ကြေးမဟုတ်ပါဘူး။ ဘော်ဒီအောက်နဲ့ ဂိုးအောက် တစ်ခုခုအနိုင်ရသွားနိုင်သလို နှစ်ခုလုံးလည်း အနိုင်ရသွားနိုင်တာကြောင့် အခုပွဲစဥ်မှာ မိန့်ဇ်အသင်းနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
