
၁၈. ၂. ၂၀၂၅
Written by MMAK
◾ အေစီမီလန် Vs ဖီယင်နု
ပထမအကျော့မှာ ဖီယင်နုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အေစီမီလန်အသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရဖို့လိုအပ်နေပြီး နှစ်ဂိုးပြတ်မှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ပထမအကျော့မှာ အေစီမီလန်အသင်းအနေနဲ့
အသာစီးရအောင် ကစားနိုင်ခဲ့ပေမဲ့ ဂိုးရအောင် မသွင်းနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပေမဲ့ ဖီယင်နုအသင်းထက် ခြေစွမ်းပိုကောင်းခဲ့ပါတယ်။ ပထမအကျော့မှာ အနိုင်ရထားတဲ့ ဖီယင်နုအသင်းကတော့ ခံစစ်အားပြုပြီး ကစားလာနိုင်တာကြောင့် အေစီမီလန်အသင်း ဂိုးရတာ နောက်ကျနိုင်ပါတယ်။ ဒီပွဲစဥ်မှာ အေစီမီလန်အသင်းက ဘော်ဒီကြေး တစ်လုံးခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက ဖြစ်သင့်ဖြစ့်ထိုက်တဲ့ အနေအထားမှာ ရှိပေမဲ့ ခံစစ်ပိတ်ကစားလာမဲ့ ဖီယင်နုအသင်းကြောင့် ဂိုးတွေ အများကြီး မြင်ရဖို့ခက်ပါတယ်။ ဖီယင်နုအသင်းက တစ်ဂိုးစရသွားရင် ဆယ့်တစ်ယောက်လုံး ခံစစ်ပိတ်ကစားလာမှာ ဖြစ်သလို အေစီမီလန်အသင်း တစ်ဂိုးရသွင်းရင်တောင် ထိန်းကစားလာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လေးဂိုးလောက်ထိ မတွေ့ရနိုင်ဘဲ အများဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင်တဲ့အတွက် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အတ္တလန်တာ Vs ကလပ်ဘရုဂ်
ပထမအကျော့မှာ ရှုံးနိမ့်ခဲ့တဲ့ အတ္တလန်တာအသင်းအနေနဲ့ အခုပွဲစဥ်မှာ တစ်ဂိုးနဲ့နိုင်ရင် သရေကျမှာ ဖြစ်ပြီး နှစ်ဂိုးပြတ်နိုင်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ အတ္တလန်တာအသင်းက စီးရီးအေပွဲစဥ်မှာ အဓိက ကစားသမားတွေကို အနားပေးထားခဲ့ပြီး အခုပွဲစဥ်ကို အားစိုက်ကစားဖို့ ပြင်ဆင်ထားပါတယ်။ ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ ကလပ်ဘရုဂ်အသင်းအနေနဲ့ ခံစစ်ပိတ်ကစားလာဦးမဲ့ ပွဲစဥ်တစ်ပွဲဖြစ်သလို ကလပ်ဘရုဂ်အသင်းရဲ့ ခံစစ်ကို သဘောကျမိပြီး အိမ်ရှင်အတ္တလန်တာအသင်းရဲ့ တိုက်စစ်ကိုလည်း သဘောကျပါတယ်။ ပေါက်ကြေးကိုကြည့်ရမယ်ဆိုရင် အတ္တလန်တာအသင်းက တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ်။ အတ္တလန်တာအသင်းရဲ့ ဘော်ဒီကြေးအရ တစ်လုံးအသာနဲ့ အနိုင်ရသွားနိုင်ပေမဲ့ နှစ်ဂိုးပြတ်ဖို့ ခက်တယ်လို့ ယူဆရမှာ ဖြစ်ပြီး ဂိုးပေါင်းကြေး သုံးလုံးသရေကတော့ အနည်းငယ် မြင့်နေပါတယ်။ ဒီပွဲစဥ်မှာ ခံစစ်ပိတ်ကစားလာမဲ့ ကလပ်ဘရုဂ်အသင်းကို ဂိုးမပေးချင်ဘဲ အတ္တလန်တာတစ်သင်းတည်းက ဂိုးရမယ်လို့ ယူဆထားပါတယ်။ အတ္တလန်တာအသင်းကလည်း နှစ်ဂိုးပြတ်နိုင်သွားရင် ဂိုးထပ်ရဖို့မလိုအပ်တဲ့ အနေအထားမှာ အနိုင်ဂိုးကို ထိန်းကစားလာနိုင်ပြီး လေးဂိုးလောက်ထိ ထပ်သွင်းမယ်လို့ မထင်ပါဘူး။ ခံစစ်ပိတ်ကစားလာမဲ့ ကလပ်ဘရုဂ်အသင်းကြောင့် အတ္တလန်တာအသင်း ဂိုးရနောက်ကျနိုင်တဲ့အတွက် ဒီပွဲစဥ်ကိုလည်း ဂိုးအောက်ကိုပဲ ကြိုက်ပါတယ်။
◾ဘိုင်ယန်မြူးနစ် Vs ဆဲလ်တစ်
ပထမအကျော့ ဆဲလ်တစ်အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ဘိုင်ယန်အသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ သရေကျရင်တောင် နောက်တစ်ဆင့်တက်မှာ ဖြစ်ပေမဲ့ ဆဲလ်တစ်အသင်းကတော့ တစ်ဂိုးအသာနဲ့ အနိုင်ရမှ သရေကျမှာ ဖြစ်ပြီး နှစ်ဂိုးပြတ်နိုင်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ဘိုင်ယန်အသင်းက ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးအရမ်းပြင်းနေပြီး ဂိုးပေါင်းကြေး လျော့ကျနေတာကို တွေ့ရပေမဲ့ ပထမအကျော့ ရလဒ်အရ နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားလာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဆဲလ်တစ်အသင်းအနေနဲ့ တစ်ဂိုးအသာနဲ့ အနိုင်ရဖို့ လိုအပ်တာကြောင့် သေချာပေါက် တိုက်စစ်ဖွင့်ကစားဖို့ လိုအပ်သလို ဘော်ဒီကြေးအရမ်းပြင်းနေတဲ့ ဘိုင်ယန်တိုက်စစ်ကလည်း နှစ်ဂိုးလောက်က သာသာယာယာ သွင်းနိုင်ပါတယ်။ ဆဲလ်တစ်အသင်း တစ်ဂိုးရသွားရင် အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှုအဖြစ် ဆဲလ်တစ်ဘော်ဒီနဲ့ ဂိုးပေါ်ကို တွဲကစားသင့်ပါတယ်။ လူတိုင်းသဘောကျနေတဲ့ ဂိုးပေါင်းကြေးကို ထိန်းကစားသွားမယ်ဆိုရင်တောင် ဆဲလ်တစ်ဘော်ဒီပြန်အနိုင်ရမယ်လို့ ထင်ပါတယ်။ သုံးဂိုးလောက်က မြင်ရဖို့မခက်ဘဲ လေးဂိုးလောက်ထိ မရောက်ဘဲ ထိန်းကစားသွားမှာကို ကြောက်ရပေမဲ့ ဒီပွဲစဥ်မှာ ဂိုးပေါင်းကြေး လိမ်ထားတယ်လို့ ယူဆထားပြီး ဂိုးပေါင်းအပေါ်ကို ရွေးချယ်ပေးချင်သလို ဆဲလ်တစ်ဘော်ဒီကို အရန်အနေနဲ့ ကစားသင့်ပါတယ်။
◾ ဘင်ဖီကာ Vs မိုနာကို
ပထမအကျော့မှာ မိုနာကိုအသင်း တစ်ယောက်လျော့သွားတာကြောင့် အဝေးကွင်းကနေ ဘင်ဖီကာအသင်းက တစ်ဂိုးအသာနဲ့ ကပ်နိုင်သွားပါတယ်။ ဒီအတွက်ကြောင့် မိုနာကိုအသင်းအနေနဲ့ တစ်ဂိုးအသာနဲ့ ပြန်အနိုင်ရမှ သရေကျမှာ ဖြစ်ပြီး နှစ်ဂိုးပြတ်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ ဘင်ဖီကာအသင်းကတော့ အိမ်ကွင်းမှာ သရေကစားနိုင်ရင်တောင် နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ ပေါက်ကြေးကိုကြည့်မယ်ဆိုရင် ဘင်ဖီကာအသင်းက တစ်လုံးရှစ်ဆယ်စား ပေးထားတာကို တွေ့ရပြီး ပထမအကျော့မှာတုန်းက မိုနာကိုအသင်းက ပြားသုံးဆယ်အရှုံးလောက်သာ ပေးထားတာကြောင့် အခုပေါက်ကြေးက ဘင်ဖီကာအသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးပေါင်းကြေးကလည်း အရမ်းမြင့်နေတာကြောင့် အိမ်ရှင်ဘင်ဖီကာအသင်းကလည်း ထိန်းကစားနေမှာ မဟုတ်ဘဲ နောက်ထပ်သွင်းဂိုးတွေ ရအောင်ကစားလာမယ်လို့ ထင်ပါတယ်။ အဆုံးသတ်သေချာတဲ့အသင်းက ဂိုးအရင်ရကြေးဆိုရင် ဘင်ဖီကာအသင်းကို ရွေးရမှာ ဖြစ်ပြီး အိမ်ကွင်းဖြစ်နေသလို ဖိအားမရှိတဲ့ အခြေအနေကြောင့် ဂိုးရဖို့ ပိုဖြစ်နိုင်ပါတယ်။ အဓိက အကြောင်းအရာကတော့ တစ်လုံးရှစ်ဆယ်စား ပေးထားတဲ့ ဘင်ဖီကာအသင်းရဲ့ ပေါက်ကြေးက နိုင်ကြေးဖြစ်နေပြီး ဂိုးပြတ်အနိုင်ရသွားမျိုးတောင် ဖြစ်နိုင်တာကြောင့် ဘင်ဖီကာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
