
၁၈.၂.၂၀၂၅
Written By Thandar
Rangoun Production နဲ့ Bellarie Production တို့ပူးပေါင်းစီစဉ်တဲ့ Suspense Drama ဇာတ်လမ်းပုံစံ “မယ်ချို” (နှလုံးသားအက်သံ) ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားအောင်မြေမှာကျင်းပခဲ့ပါတယ်။
“ဝိုင်းကတော့ ဒီဇာတ်ကားမှာ မယ်ချိုနေရာကပဲဆက်လက်ပါဝင်မှာပါ။ ကိုနေတိုးကတော့ ထပ်တိုးဇာတ်ကောင်အနေနဲ့ မယ်ချိုတို့ ရွာရောက်လာတဲ့ သူနေရာက မြင်တွေ့ရမှာပါ။ အဓိကတော့ မယ်ချိုဇာတ်လမ်းတွဲနဲ့တော့ သိပ်မတူဘူးပေါ့နော်။ မယ်ချို စမဖြစ်ခင်အရှေ့ပိုင်းပေါ့။ အဲလိုပုံစံမျိုးလေးပါ။ မယ်ချိုဇာတ်ကားပြန်ဖြစ်လာတာကလည်း ပရိသတ်တွေ အရမ်းကို အားပေးခဲ့ကြလို့ ထုတ်လုပ်ရေးဘက်က ပြန်လည်ဖန်တီးပေးတယ်လို့မြင်ပါတယ်။ ပရိသတ်တွေ မထင်မှတ်ထားတာလေးတွေပါဝင်သလို ဒီကားမှာလည်း တွေ့ရမှာပါ” လို့ သရုပ်ဆောင်ဝိုင်းရွှေရည်ကပြောပါတယ်။




ဒီဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ခိုင်ဇွန်ဝင့်က ရေးသားပြီး ဒါရိုက်တာထက်နောင်ထွန်းက ပင်းတယဘက်မှာ သွားရောက်ရိုက်ကူးပုံဖော်သွားမှာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ နေတိုး၊ ရှင်မွေလ၊ မင်းဘုန်းမြတ် ၊ မာန်ဟိန်း၊ ဝိုင်းရွှေရည်၊ ဝေလာရီ၊ သက်ဦးကို ၊ မှူးသခင်ကို ၊ တေဇာကျော်၊ မေသင်းကို ၊ ပိုင်ခန့်ဇော်၊ အောင်ထွဋ်နောင်၊ ဝေယံထက်၊ မေမြတ်နိုင်၊ စိုင်းဇေယျ၊ ပန်သုခ၊ ချစ်ခွန်းချို ၊ လျန်းထက်အောင်၊ ဒံယေလ ၊ နေဝန်း၊ သင်္ခသူ၊ ရာဇာထွန်း၊ လွန်း၊ လွန်းခြယ်၊ စောလပြည့်ဝန်း၊ မေဘရမီ၊ ကလေးသရုပ် ဆောင်တွေဖြစ်တဲ့ နွေဦးမေ၊ ဇွန်ပွင့်ဖြူ၊ မိကြယ်စင်ကျော်ကျော်၊ ဦးဇော်မှိုင်း၊ ဦးရွှေအိုး၊ ဒေါ်ဒယ်ဘီနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြမှာဖြစ်ပါတယ်။