
၁၅.၂.၂၀၂၅
Written By Thandar
MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ သရုပ်ဆောင် သာထက်ဉာဏ်ဇော်ကတော့ Valentine’s Day မှာ ချစ်သူကောင်မလေးကို တရားဝင်ချပြလာပြီး သူနဲ့လက်ထပ်မယ်လို့ ရင်ဖွင့်လာပါတယ်။

“ကျနော့်ဘဝမှာ သူမက အရာရာပါပဲ။ အဆင်မပြေသောအရာတွေ ကျနော်တို့ကြားမှာဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ကျနော်ဆုံးဖြတ်ချက်ချပြီးပြီ။ ကျနော် သူ့ကိုလက်ထပ်မယ်။ ကိုယ်သဲသဲကို အရမ်းချစ်တယ်.. Happy Valentine’s par (သတ်ပုံ မူရင်း) ”လို့ သရုပ်ဆောင် သာထက်ဉာဏ်ဇော်က ပရိသတ်ကို ချပြလာတာပါ။
သူဟာတော့ ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ အဆိပ်လို အချစ်၊ ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ ထားချင်တယ်၊ ဝင်္ကပါရှင်းတမ်း၊ တံလျှပ်များ၊ ခေါင်မိုးမဲ့အိမ် စတဲ့ ဇာတ်ကားတွေကို များစွာရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။ သာထက်ဉာဏ်ဇော်က ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ မကြာခင် ပရိသတ်တွေ့မြင်ရမှာလည်း ဖြစ်တယ်လို့သိရပါတယ်။


“ကျွန်တော့် ချစ်သူ့က အနုပညာလုပ်တာကို နားလည်မှုရှိပြီးဆိုတော့ အဆင်ပြေပါတယ်။ အချိန်တန်ရင်တော့ ချစ်သူကောင်မလေးကို ချပြဖို့ရှိပါတယ်။ ချစ်သူကတော့ တစ်ယောက်ဆို တစ်ယောက်ပါပဲ။ လက်တွဲလာတာ တော်တော်ကြာပါပြီ။ အချိန်တစ်ခုယူနေတာပါ။ ရုံးက လူကြီးတွေလည်း သိထားပြီးသားပါ။ အသက်ကတော့ ရွယ်တူလောက်ပါပဲ။ မကြာခင် ပရိသတ်ကို ချပြမှာပါ”လို့ သူ့က ပွဲတက်အင်တာဗျူးတစ်ခုမှာ ဖြေထားတာလည်းဖြစ်ပါတယ်။