
၃.၂. ၂၀၂၅
Translated by Thettant
ထိုင်း-မြန်မာနယ်စပ်တလျှောက်က အွန်လိုင်းလိမ်လည်မှု တရုတ်ကျားဖြန့်ဂိုဏ်းတွေဆီ အကျိုးအမြတ်ရှာဖို့ ထိုင်းနိုင်ငံပေးထားတဲ့ လျှပ်စစ်ဓာတ်အား ပြန်လည် ဖြတ်တောက်မှု အကဲဖြတ်ဖို့အတွက် ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ အဓိကကျတဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူးချုပ်က ဦးဆောင်ကျင်းပမယ်လို့ သိရပါတယ်။
အဆိုပါ အစည်းအဝေးမှာ ထိုင်းနိုင်ငံက အာဏာပိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ထိုင်းတော်ဝင် တပ်မတော်၊ နိုင်ငံခြားရေးနဲ့ လျှပ်စစ် အာဏာပိုင်တွေ အပါအဝင် ဌာနဆိုင်ရာအေဂျင်စီ ရှစ်ခုနဲ့ လုံခြုံရေး အချက်အလက်တွေ အကဲဖြတ်ဖို့နဲ့ ဒီကိစ္စအပေါ် ပြည်နယ် လျှပ်စစ် အာဏာပိုင်အဖွဲ့ထံ အကြံပြုချက် မထုတ်ပြန်မီ၊ တာဝန်ရှိသူတွေက ကျားဖြန့်ဂိုဏ်းတွေဆီ လျှပ်စစ်မီးပေးနေတဲ့ သက်ဆိုင်ရာကဏ္ဍအသီးသီးက ပါဝင်ပတ်သက်သူတွေအားလုံးကို အရေးယူဆောင်ရွက်ဖို့ကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အလေးထားဆောင်ရွက်သွားမယ်လို့ ဆွေးနွေးပွဲမတိုင်မီ အခြေအနေအပေါ် Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက ပြည်နယ်လျှပ်စစ်အာဏာပိုင် (PEA)ဟာ မြန်မာနိုင်ငံဘက်က ဘုရားသုံးဆူ၊ တာချီလိတ်က နေရာနှစ်ခုနဲ့ မြဝတီဘက်က နေရာနှစ်ခု စုစုပေါင်း ၅ ခုတို့ကို လျှပ်စစ်ဓာတ်အားပေးနေတာဖြစ်ပြီး ဒီအထဲမှာ မြန်မာနိုင်ငံဘက်က ကျားဖြန့်ဂိုဏ်းတွေရှိရာဒေသတွေဆီကို ရောင်းချထားတဲ့ လျှပ်စစ်အဖိုးအခဟာ အခြားနိုင်ငံတွေဆီကို ရောင်းချထားမှုထက် များပြားနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပြီး ၂၀၂၃ မေလမှာ ထိုင်းနိုင်ငံဟာ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းလက်မှတ်ရေးထိုးလုပ်ဆောင်နေတဲ့ တရုတ်ကျားဖြန့်ဂိုဏ်း KK Park တစ်ခုတည်းက ထိုင်းဘတ် သန်း ၃၀ ကျော် ရရှိခဲ့သလို ဒီကျားဖြန့်ဂိုဏ်းတွေဆီကနေ ထိုင်းနိုင်ငံဟာ လစဥ်ဘတ်သန်းရာချီ အကျိုးအမြတ်ရနေတယ်လို့လည်း ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် လူမှုဗေဒနဲ့ မနုဿဗေဒ ဌာနမှ တွဲဖက်ပါမောက္ခ Pinkaew Laungaramsri က ဝေဖန်ထားကြောင်း Thai Enquirer သတင်းဌာနက ဖော်ပြထားပါတယ်။
Ref Bangkok Post & Khaosod & Thai Enquirer
