April 28, 2024

– Comment တစ်ကြောင်းပေးရုံနဲ့ ကျပ် ၁ သိန်းအထိ ချီးမြှင့်မဲ့ MT News ရဲ့

စတုတ္တအကြိမ် Debate

၆-၁-၂၀၂၃

MT News Debate

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာဆိုရင် လက်ရှိအာဏာရယူထားတဲ့ SAC ရဲ့ သက်တမ်းဟာ “သာမန်အားဖြင့်” အခြေအနေအရ ခြောက်လနှစ်ကြိမ် ကုန်ဆုံးခဲ့ပြီဖြစ်သလို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက် စိန်ရတုလွတ်လပ်ရေးနေ့ မိန့်ခွန်းမှာလည်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ နောက်ဆုံးအချက်မှာ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်”လို့ဖော်ပြထားတဲ့အတိုင်း ဆောင်ရွက်လျက်ရှိနေပါတယ်” လို့ ထည့်သွင်းပြောကြားခဲ့တာကြောင့် လာမဲ့ဖေဖော်ဝါရီလ ၁ ရက်ကစပြီး အစိုးရအဖွဲ့အပြောင်းအလဲကို မြင်ရနိုင်မလား၊ မမြင်ရနိုင်ဘူးလားဆိုတဲ့ အခြေအနေတစ်ခုကို ဒီတစ်ပတ်ရဲ့ MT News Debate မှာ ငြင်းခုန်စေလိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ခဲ့တဲ့ သက်တမ်းကုန်ဆုံးရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာတဲ့နေ့ကစပြီး ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမှာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေကတော့ ကာလုံက ရွေးကောက်ပွဲကျင်းပ၊ လွှတ်တော်တွေ မပေါ်လာခင်အထိ ကာလုံကပဲ ပုဒ်မ ၄၂၇ (က) အရ အာဏာဆက်ယူထားပြီး လွှတ်တော်ဖွဲ့စည်းပြီးချိန်ကျမှ လွှတ်တော်ကနေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်ရှိလာချိန်မှ အာဏာလွှဲပြောင်းရမှာဆိုတဲ့ Process ကို လွယ်လင့်တကူသွားရောက်နိုင်တဲ့ အခြေအနေရှိမနေဘဲ မြန်မာ နိုင်ငံရဲ့ မြို့နယ် ၅၀ လောက်၊ ရွာ ၁၀၀၀၀ အောက်ကို NUG, PDF, တွေနဲ့ EAOs တွေက ချုပ်ကိုင်ထားပြီး ၂၀၂၃ ရွေးကောက်ပွဲကို ပျက်အောင်ဖျက်မယ်လို့ ကြုံးဝါးထားတာကိုလည်း မြန်မာနိုင်ငံသားတွေအသိပါ။

ဒီအချက်အလက်တွေကို အခြေပြုပြီး ဒီတစ်ပတ် MT News ရဲ့ Debate မှာ ဆွေးနွေးစေချင်တာတွေက “၁။ ယာယီသမ္မတဦးမြင့်ဆွေ ဦးဆောင်လာမဲ့ ကာလုံဟာ အစိုးရအဖွဲ့သစ်ပုံစံထွက်ပေါ်လာမယ်ထင်လား။ ၂။ ဦးမြင့်ဆွေ ဦးဆောင်လာမဲ့ ကာလုံဟာ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် လုပ်ပေးနိုင်မယ်ထင်လား။ ၃။ လက်ရှိ SAC ဥက္ကဋ္ဌဟာ ရွေးကောက်ပွဲဖျက်ဆီးမယ်ဆိုတဲ့ NUG, PDF, တွေနဲ့ EAOs တွေကို ဘယ်လောက်အထိ ချုပ်ကိုင်ထိန်းချုပ်နိုင်မယ်ထင်လဲ။ ၄။ ခြောက်လအတွင်း ရွေးကောက်ပွဲပြုလုပ်နိုင်မယ်ထင်လား။ ၅။ NUG, PDF, တွေနဲ့ EAOs တွေက နှောင့်ယှက်ဖျက်ဆီးတာကြောင့် ခြောက်လအတွင်း အကြားအလပ်မရှိရွေးကောက် ပွဲ မပြုလုပ်နိုင်ရင် ကာလုံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်အခြေအနေအတွက် တစ်နှစ်တစ်ကြိမ်၊ ခြောက်လနှစ်ကြိမ် အာဏာသုံးရပ် ပြန်လက်ခံစေတာမျိုး ထပ်မံလုပ်ဆောင်သွားမယ်လို့ထင်လား။ ၆။ ရွေးကောက်ပွဲပြီးမြောက်လို့ ပြည်သူရွေး ကောက်တဲ့အစိုးရတက်လာရင် လွှတ်တော်မပေါ်လာခင်၊ လွှတ်တော်ကနေ ရွေးချယ်မဲ့အစိုးရမဖွဲ့နိုင်သေးခင် ကြားကာလမှာ အာဏာလွှဲပြောင်းပေးရေးအစိုးရအဖွဲ့ဖြစ်တဲ့ ကာလုံက ဘယ်ကာလအထိ အာဏာယူထားမယ်ထင်လဲ” စတဲ့အချက်တွေကို ဒီတစ်ပတ်ရဲ့ Debate မှာ ယဉ်ကျေးစွာ ဆွေးနွေးစေချင်ပါတယ်။

စတုတ္တအကြိမ် Debate မှာလည်း ကျင်းပပြီးစီးခဲ့တဲ့ Debate သုံးကြိမ်လိုပဲ အကောင်းဆုံးဝေဖန်ဆွေးနွေးနိုင်တဲ့ ပထမဆုရရှိ သူကို ကျပ် ၅၀၀၀၀၊ ဒုတိယရရှိသူကို ကျပ် ၃၀၀၀၀ နဲ့ တတိယရရှိသူကို ကျပ် ၂၀၀၀၀ စီ အသီးသီး MT News က ချီးမြှင့်သွားမှာဖြစ်ပါတယ်။

စည်းကမ်းချက်များ

၁။ အကောင့်တုဖြစ်စေ၊ အကောင့်စစ်ဖြစ်စေ မည်သူမဆို ဝင်ရောက်ဆွေးနွေးနိုင်မည်ဖြစ်ပြီး K Pay မှသာ ဆုငွေချီးမြှင့်မည်ဖြစ်ကာ ဆုရရှိသူအချက်အလက်လုံခြုံရေး MT News အယ်ဒီတာအဖွဲ့က ကာကွယ်ပေးမည်ဖြစ်သည်။

၂။ ဝင်ရောက်ဆွေးနွေးသူသည် Myanmar Transparency News Page ကို Like & Follow လုပ်ထားပြီး ယခုပို့စ်ကို Public ဖြင့် Share ရမည်ဖြစ်ကာ ဆုရရှိချိန်တွင် ထိုအချက်များကို Screen Shot ဖြင့် သက်သေပြသနိုင်ရမည်ဖြစ်သည်။

၃။ မိမိဝင်ရောက် ထင်မြင်ငြင်းခုန်သည့် MT News Debate ပို့စ်အောက်တွင် မိမိမိတ်ဆွေများကို Like & Reaction ပေးရန် ဖိတ်ခေါ်ခြင်းနှင့် ထင်မြင်ချက်ပေးရန် ဖိတ်ခေါ်ခြင်းများ အကန့်အသတ်မရှိ ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုသို့ ဖိတ်ခေါ်မှုနှင့် ပြန်လည်ငြင်းခုန်မှုအောက် ရိုင်းစိုင်းစွာဆဲရေးသူများကို ကွန်းမန့်ဖျက်ပြီး အကောင့် Ban ပေးရန် MT News ကို တောင်းဆိုနိုင်မည်ဖြစ်သည်။

၄။ MT News ၏ Debate သည် လက်နက်ကိုင်များကို ကြောက်ရွံသဖြင့် မြန်မာနိုင်ငံတွင် တိတ်ဆိတ်လာနေသည့် ကြားနေပြည်သူများ၏ အသံနှင့် ထင်မြင်ချက်ကို နားထောင်လိုခြင်းနှင့် မှန်ရာကို ပြောရဲသည့်အသံများ တိတ်ဆိတ်လာနေခြင်းကို ပြည်သူ့အသံပြန်လည်ထွက်ပေါ်စေလိုသည့်အတွက် Debate ကျင်းပခြင်းဖြစ်သဖြင့် ရိုင်းစိုင်းဆဲဆိုသော ထင်မြင်ငြင်းခုန်မှုများကို လက်ခံမည်မဟုတ်ဘဲ ဆဲဆိုသည့်အကောင့်များကို Ban ကာ မန့်များ ဖျက်မည်ဖြစ်သည်။

၅။ ဆုချီးမြှင့်မည့်ပုံစံမှာ – ဇန်နဝါရီလ ၆ ရက် ပို့စ်တင်ချိန်မှ ဇန်နဝါရီလ ၉ ရက်အတွင်း ငြင်းခုန်နိုင်မည်ဖြစ်ပြီး ဇန်နဝါရီလ ၉ ရက် ည ၉ နာရီအချိန် ရှိနေသည့် ကွန်းမန့်များမှ Like & Reaction အများဆုံးရရှိထားသူအား ပထမသတ်မှတ်ကာ ကျပ် ၅၀၀၀၀၊ ဒုတိယအများဆုံးရရှိသူအား ကျပ် ၃၀၀၀၀၊ တတိယအများဆုံးရရှိသူအား ကျပ် ၂၀၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

၆။ သို့သော် ချီးမြှင့်မည့် Commentator များ၏ ထင်မြင်ချက်အပေါ် Like & Reaction ပေးသူမှာ အနည်းဆုံး ၅၀ အထက် ရှိရမည်ဖြစ်ပြီး Like & Reaction ၅၀ မကျော်ပါက MT News အယ်ဒီတာအဖွဲ့မှ စိတ်ကြိုက်ရွေးချယ်ကာ နှစ်သိမ့်ဆု ကျပ် ၁၀၀၀၀ သုံးဆုသာ ချီးမြှင့်မည်ဖြစ်သည်။

၇။ သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီခြင်းကြောင့် အငြင်းပွားမှုဖြစ်ပေါ်ပါက MT News အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ် ချက်သာ အတည်ဖြစ်သည်။

MT News အယ်ဒီတာအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *