၆. ၁. ၂၀၂၃
Written by Ye Kyaw

ပြီးခဲ့သည့် ငါးရက်အတွင်း ကမ္ဘာ့ရွှေဈေး ၁၅ ဒေါ်လာကျော်မြင့်တက်ခဲ့သဖြင့် ဒီဇင်ဘာ ၆ ရက်တွင် ပြင်ပဈေးကွက်၌ ရွှေဈေး ၂,၇၄၀,၀၀၀ ကျပ်အထိဖြစ်လာပြီး တစ်ပတ်အတွင်း ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

ငွေလဲလှယ်နှုန်းမှာ တစ်ဒါ်လာ ၂,၈၅၅ ကျပ်ရှိပြီး တစ်ပတ်အတွင်း ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့သည်။

ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများမှာ ဇန်နဝါရီ ၅ရက်တွင် ရွှေဈေးနှုန်း ၂,၇၃၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၅ ကျပ်၊ ဇန်နဝါရီ ၄ ရက်တွင် ရွှေဈေးနှုန်း ၂,၇၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၄၅ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် ရွှေဈေးနှုန်း ၂,၇၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၄၅ ကျပ်၊ ဇန်နဝါရီ ၂ ရက်တွင် ရွှေဈေးနှုန်း ၂,၇၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၄၅ ကျပ် အသီးသီးရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News