April 28, 2024

-Comment တစ်ကြောင်းပေးရုံနဲ့ ကျပ် ၁ သိန်းအထိ ချီးမြှင့်မဲ့ MT News ရဲ့ Debate

၂၇. ၁၂. ၂၀၂၂
MT News Debate

ဒီရက်ပိုင်းတွေထဲမှာ အမေရိကန်ရဲ့ NDAA၊ ဗြိတိန်ရဲ့ အဆိုပြုချက်နဲ့ ထွက်ပေါ်လာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့ NUGကို တရားဝင်ခေါ်တွေ့တဲ့ EU ရဲ့ လုပ်ရပ်တွေကို မြင်တွေ့ခဲ့ရသလို တစ်ဖက်မှာလည်း ထိုင်းအစိုးရစီစဉ်တဲ့ အလွတ်သဘောတွေ့ဆုံပွဲကို အမေရိကန်နဲ့ OIC ယိမ်းနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း စတဲ့နိုင်ငံတွေ တက်ရောက်မှုမရှိခဲ့တာ တွေ့ရပါတယ်။

ဒီနိုင်ငံတွေ အဖွဲ့တွေ အကုန်လုံးဟာ NUG ကို ထောက်ခံ၊ ထောက်ပံ့ပြီးတော့ ရွေးကောက်ပွဲပျက်သုဉ်းရေးလမ်းစဉ်ကို လိုက်ပါလုပ်ဆောင်နေကြတဲ့အဖွဲ့တွေလည်းဖြစ်လို့ ဒီလိုမျိုးနိုင်ငံတွေ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကို ရရှိနေတဲ့ NUG နဲ့ EAOs တွေဘက်မှာလည်း စိတ်အားတက်ကြွလာနေပြီးတော့ ဒီရက်ပိုင်းတွေမှာ ထိုးနှက်သတ်ဖြတ်တိုက်ခိုက်မှုတွေ ပိုလုပ်လာတာတွေ့ရပါတယ်။

၂၀၂၃ မှာ ရွေးကောက်ပွဲပျက်ရေး မဟာဗျုဟာနဲ့ လှုပ်ရှားလာနေတဲ့ NUG ဟာ အမေရိကန်၊ ဗြိတိန်၊ EU၊ OIC နဲ့ ကုလသမဂ္ဂရဲ့ထောက်ခံအားပေးမှုတွေကြောင့်ပဲ သူတို့ရဲ့ ထိုးစစ်ကို အရှိန်မြှင့်ပြီး ရွေးကောက်ပွဲပျက်အောင်လုပ်နိုင်မလားဆိုတာကို ဒီတစ်ပတ်ရဲ့ MT News Debate အဖြစ် ရွေးချယ်ချင်ပါတယ်။

ရွေးကောက်ပွဲပျက်ရင် ခြေဥပျက်ပြယ်သွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာ အခြေခံဥပဒေမရှိဘဲ တိုင်းပြည်မှာအစိုးရ လုပ်လို့၊ တင်မြှောက်လို့မရဘူးဆိုတဲ့အခြေအနေဖြစ်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို တပ်မတော်ကပဲ ပြန်ဆွဲပြီး ကာလရှည် အာဏာယူသွားနိုင်တဲ့အခြေအနေမှာ “၁။ ရွေးကောက်ပွဲပျက်အောင် NUG က လုပ်ဆောင်နေတာ မှန်ပါသလား။ ၂။ အမေရိကန်၊ ဗြိတိန်၊ EU၊ OIC နဲ့ ကုလသမဂ္ဂရဲ့ ဖိအားတွေက NUG အတွက် အင်အားဖြစ်စေပြီး ရွေးကောက်ပွဲပျက်စီးရေးလုပ်ဆောင်နိုင်မလား။ ၃။ SAC အနေနဲ့ရော အိန္ဒိယ၊ တရုတ်၊ ရုရှားနဲ့ တရုတ်ဘက်ယိမ်းတဲ့ အာဆီယံနိုင်ငံတွေရဲ့ အားကိုယူပြီး ကတိအတိုင်းရွေးကောက်ပွဲလုပ်ပေးပြီး အာဏာလွှဲပြောင်းပေးနိုင်အောင် ကြိုးစားပေးမယ်ထင်လား။ ၄။ အမေရိကန်ရဲ့ တရုတ် BRI ကို ဖျက်ဆီးရေး မဟာဗျုဟာအတွက် အချက်အခြာကျတဲ့ မြန်မာနိုင်ငံကို ပုံစံမျိုးစုံနဲ့ ပျက်သုဉ်းအောင်လုပ်ဆောင်နေတဲ့အခြေအနေမှာ ဖိအားဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံကရော တခြားနိုင်ငံတွေကို သံတမန်ရေးအရ ဘယ်လိုတုံ့ပြန်သင့်တယ်ထင်လဲ” စတဲ့အချက်တွေကို အခြေခံပြီး ယဉ်ကျေးစွာငြင်းခုန်စေချင်ပါတယ်။

တတိယအကြိမ် MT News ရဲ့ Debate မှာလည်း ပထမနဲ့ ဒုတိယအကြိမ်လိုပဲ အကောင်းဆုံး ဝေဖန်ဆွေးနွေးနိုင်တဲ့ ပထမဆုရရှိသူကို ကျပ် ၅၀၀၀၀၊ ဒုတိယရရှိသူကို ကျပ် ၃၀၀၀၀ နဲ့ တတိယရရှိသူကို ကျပ် ၂၀၀၀၀ စီ အသီးသီး MT News က ချီးမြှင့်သွားမှာဖြစ်ပါတယ်။

စည်းကမ်းချက်များ

၁။ အကောင့်တုဖြစ်စေ၊ အကောင့်စစ်ဖြစ်စေ မည်သူမဆို ဝင်ရောက်ဆွေးနွေးနိုင်မည်ဖြစ်ပြီး K Pay မှသာ ဆုငွေချီးမြှင့်မည်ဖြစ်ကာ ဆုရရှိသူအချက်အလက်လုံခြုံရေး MT News အယ်ဒီတာအဖွဲ့က ကာကွယ်ပေးမည်ဖြစ်သည်။

၂။ ဝင်ရောက်ဆွေးနွေးသူသည် Myanmar Transparency News Page ကို Like & Follow လုပ်ထားပြီး ယခုပိုစ့်ကို Public ဖြင့် Share ရမည်ဖြစ်ကာ ဆုရရှိချိန်တွင် ထိုအချက်များကို Screen Shot ဖြင့် သက်သေပြသနိုင်ရမည် ဖြစ်သည်။

၃။ မိမိဝင်ရောက် ထင်မြင်ငြင်းခုန်သည့် MT News Debate ပိုစ့်အောက်တွင် မိမိမိတ်ဆွေများကို Like & Reaction ပေးရန် ဖိတ်ခေါ်ခြင်းနှင့် ထင်မြင်ချက်ပေးရန် ဖိတ်ခေါ်ခြင်းများ အကန့်အသတ်မရှိ ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုသို့ ဖိတ်ခေါ်မှုနှင့် ပြန်လည်ငြင်းခုန်မှုအောက် ရိုင်းစိုင်းစွာဆဲရေးသူများကို ကွန်းမန့်ဖျက်ပြီး အကောင့် Ban ပေးရန် MT News ကို တောင်းဆိုနိုင်မည်ဖြစ်သည်။

၄။ MT News ၏ Debate သည် လက်နက်ကိုင်များကို ကြောက်ရွံ့သဖြင့် မြန်မာနိုင်ငံတွင် တိတ်ဆိတ်လာနေသည့် ကြားနေပြည်သူများ၏ အသံနှင့် ထင်မြင်ချက်ကို နားထောင်လိုခြင်းနှင့် မှန်ရာကို ပြောရဲသည့်အသံများ တိတ်ဆိတ်လာနေခြင်းကို ပြည်သူ့အသံ ပြန်လည်ထွက်ပေါ်စေလိုသည့်အတွက် Debate ကျင်းပခြင်းဖြစ်သဖြင့် ရိုင်းစိုင်းဆဲဆိုသော ထင်မြင်ငြင်းခုန်မှုများကို လက်ခံမည်မဟုတ်ဘဲ ဆဲဆိုသည့်အကောင့်များကို Ban ကာ မန့်များဖျက်မည်ဖြစ်သည်။

၅။ ဆုချီးမြှင့်မည့်ပုံစံမှာ – ဒီဇင်ဘာ ၂၇ ရက် ပိုစ့်တင်ချိန်မှ ဒီဇင်ဘာ ၃၀ ရက်အတွင်း ငြင်းခုန်နိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက် ည ၉ နာရီအချိန် ရှိနေသည့် ကွန်းမန့်များမှ Like & Reaction အများဆုံးရရှိထားသူအား ပထမသတ်မှတ်ကာ ကျပ် ၅၀၀၀၀၊ ဒုတိယအများဆုံးရရှိသူအား၊ ကျပ် ၃၀၀၀၀၊ တတိယအများဆုံးရရှိသူအား ကျပ် ၂၀၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

၆။ သို့သော် ချီးမြှင့်မည့် Commentator များ၏ ထင်မြင်ချက်အပေါ် Like & Reaction ပေးသူမှာ အနည်းဆုံး ၅၀ အထက် ရှိရမည်ဖြစ်ပြီး Like & Reaction ၅၀ မကျော်ပါက MT News အယ်ဒီတာအဖွဲ့မှ စိတ်ကြိုက်ရွေးချယ်ကာ နှစ်သိမ့်ဆု ကျပ် ၁၀၀၀၀ သုံးဆုသာ ချီးမြှင့်မည်ဖြစ်သည်။

၇။ သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီခြင်းကြောင့် အငြင်းပွားမှုဖြစ်ပေါ်ပါက MT News အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

MT News အယ်ဒီတာအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *