November 4, 2024

၃၀.၁၀.၂၀၂၄
Written By Thandar

ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “ဂျစ်ကားစီးဖူးသလား” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို ယနေ့ အောက်တိုဘာ ၂၉ရက် ညနေပိုင်းက ရန်ကုန်မြို သမ္မတအဆင့်မြင်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို ဒီဇာတ်ကားကြီးကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လက ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားကိုရိုက်ချိန်ကာလကလည်း ဆက်စပ်တဲ့လူကြီးပိုင်းတွေကို သေချာခွင့်ပြုချက်ယူခဲ့တယ်။ ရိုက်ကူးနေတဲ့ ဘားအံက ဘားကတ်ကျေးရွာ လူကြီးတွေ လာကြည့်ပြီးတော့ ခွင့်ပြုချက်ယူပြီး ရိုက်တာလား မေးချိန်မှာလည်း သေချာလုပ်ပြီး ရိုက်ခဲ့တဲ့အကြောင်း ဖြေဖြစ်ခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်က လူကြီးတွေခွင့်ပြုချက်တွေနဲ့ ရိုက်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ရုံတင်တော့ အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်လို့လည်း ပြောလို့ရပါတယ်။ ဒီကား ရုံတင်ရင် တကယ်လာကြည့်ကြည့်ပါလို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ်”လို့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ကပြောပါတယ်။

အဆိုပါ ပွဲအခမ်းအနားမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ လူ့အခွင့်ရေးကော်မရှင်က အဖွဲ့ဝင်၊ မြန်မာနိုင်ငံဘာသာပေါင်းစုံအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဟိန္ဒူဗဟို (Central) အတွင်းရေးမှူး စသူတွေတက်ရောက်ပြီး ဇာတ်ကားကို ကြည့်ရှုပေးခဲ့ကြပါတယ်။

Perfect ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း လွမ်းဝေအောင်က ရေးသားထားပြီးတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က အရင် NLD အစိုးရဟောင်းလက်ထက် ၂၀၁၈ ခုနှစ်က ဘားအံမြို့နယ်ရှိ ဘားကတ်ကျေးရွာက သဘာဝအလှအပတွေနဲ့ ရိုက်ကူးပုံဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီလွင်မိုး၊ အကယ်ဒမီခန့်စည်သူ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဆင်မ၊ တက္ကသိုလ်ဂွမ်းပုံ၊ ပွင့်၊ ဝါဝါအောင်၊ အောင်ခိုင်၊ ငြိမ်းချမ်း၊ ကောင်းစံ၊ ချစ်လူလူ၊ ဝက်မ၊ စူပါလင်း၊ သွက်လက်၊ မိုးတိမ်၊ ကံပွင့်တို့အပြင် အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။

“ဂျစ်ကားစီးဖူးသလား” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာ ၁ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်ပါတယ်။

#ခန့်စည်သူ #လွင်မိုး #ခိုင်သင်းကြည် #ခင်လှိုင်

KhantSiThu #LwinMoe #KhineThinKyi #KhinHlaing #ဂျစ်ကားစီးဖူးသလား

#ဂျားကစ်စာဘူးသရီး

Leave a Reply

Your email address will not be published. Required fields are marked *