MT News

၂၀၂၃ သို့ ကူးပြောင်းမည့် နှစ်သစ်ကူးညတွင် ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းအစိုးရက Count Down ပါတီပြုလုပ်မည်ဖြစ်၍ ညမထွက်ရအမိန့်ကို အဆိုပါညအတွက် တစ်ညတာ ဖျက်သိမ်းသည်ဟု ကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်နေရာတွင် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်(Count Down Party)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိပြီး နှစ်သစ်ကူးပွဲတော် ကျင်းပမည့် ဒီဇင်ဘာ ၃၁ ရက်ညတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်အား ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ အချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီ အချိန်အထိ ခေတ္တပယ်ဖျက်ခွင့်ပြုကြောင်းနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေး အကြောင်းကြားကြောင်း ဖော်ပြထားသည်။

အစိုးရအစီအစဥ်ဖြင့် နှစ်သစ်ကူးညတွင် ပြုလုပ်မည့် Count Down Party ကို ရန်ကုန်တိုင်းဒေသကြီးအပြင် နေပြည်တော်တွင်လည်း ပြုလုပ်မည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *