MT News

စနေညမှာတော့ ဥရောပထိပ်သီးလိဂ်တွေအကုန် ပြန်ကစားကြမှာပဲ ဖြစ်ပါတယ်။

မနေ့ညက MT News ရဲ့ ခန့်မှန်းချက် (၄) ပွဲမှာ (၄) ပွဲလုံးမှန်ကန်ခဲ့ပြီး ဒီကနေ့စနေနေ့ညမှာတော့ ပရီးမီးယားလိဂ် (၂) ပွဲ၊ စီးရီးအေ (၁) ပွဲ၊ လာလီဂါ (၂) ပွဲ၊ ဘွန်ဒက်လီဂါ (၂) ပွဲ ခန့်မှန်းပေးထားပါတယ်။ MT News ရဲ့ ပွဲ​ကြိုခန့်မှန်းမှုတွေနဲ့ ပီတိဖြစ်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။

ပရီးမီးယားလိဂ်

အာဆင်နယ် – စပါး (6:00 PM)

အာဆင်နယ်က​တော့ ဒီရာသီမှာ ထူးခြားတဲ့​ခြေစွမ်း​တွေနဲ့ နိုင်ပွဲ​တွေရပြီးဇယားထိပ်မှာဦး​ဆောင်​နေပါတယ်။ ဒီရာသီထူးခြားချက်က ၇ ပွဲမှာ သူတို့အသင်းဟာမန်ယူအသင်းကိုပဲ ရှုံးနိမ့်ပြီး ကျန် ၆ ပွဲလုံး အနိုင်ရထားပါတယ်။စပါးအသင်းကလဲ ​ပွဲစဥ် ၇ မှာ လက်စတာကို 6-2 နဲ့ဂိုးပြတ်အနိုင်ရပြီး အာဆင်နယ်နဲ့ တစ်မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်​နေပါတယ်။အာဆင်နယ်ဟာ ဒီရာသီ အသင်းလိုက်စုဖွဲ့မှု အား​ကောင်းပြီး ​​ခြေစွမ်းတည်ငြိမ်မှုရှိလို့ ဒီပွဲစဥ်မှာ တိုက်စစ်မှူး ​ဂျေဇူးတို့အုပ်စုကပဲ ကိန်းတို့အုပ်စုကို ထိန်းချုပ်ပြီး အနိုင်ရသွားပါမယ်။

​ရွေးချယ်မှု -အာဆင်နယ်နှင့် ဂိုး​ပေါ်

…….

ဝက်ဟမ်း – ဝုဗ် (11:00 PM)

တန်းဆင်းဇုန်အ​ပေါ်​အောက် ရပ်တည်​နေတဲ့နှစ်သင်း​တွေ့ဆုံတဲ့ပွဲပါ။ ဝက်ဟမ်းက ​​ခြေစွမ်းပိုင်းဆိုးရွား​နေသလို ဝုဗ်က​တော့ ​မန်စီးတီးကို ၃ ဂိုးပြတ်ရှုံးတာကလွဲပြီး ​နောက်ပိုင်းပွဲစဥ်​တွေကို ​သ​ရေနဲ့အနိုင်ကန်လာကာ အမှတ်​တွေပြန်ယူ​နေပါတယ်။ ဝက်ဟမ်းအသင်းအ​နေနဲ့ အိမ်ကွင်းမှာ Antonio ဦး​ဆောင်မှုနဲ့ ပထမဆုံးအိမ်ကွင်းနိုင်ပွဲကို ရယူသွားမှာပါ။

​ရွေးချယ်မှု – ဝက်ဟမ်း

…….

အီတလီစီးရီ​အေ

နာပိုလီ – တိုရီနို (7:30 PM)

ချန်ပီယံလိဂ်မှာ​ရော စီးရီ​အေမှာပါ ရှုံးပွဲမရှိ​သေးတာ နာပိုလီပါ။ တိုရီနိုက​​တော့ အ​ဝေးကွင်းဆို ​ခြေစွမ်းမ​ကောင်းသလို ခံစစ်ကဂိုး​တွေ​ပေး​နေရပါတယ်။ ချန်ပီယံလိဂ်ရှိ​နေ​ပေမယ့် နာပိုလီအသင်း အဆင့် ၁​ နေရာက​နေ မ​ဆင်းရမို့ နာပိုလီလူစုံတက်စုံနဲ့ ပွဲထွက်လာမှာပါ။ နာပိုလီတိုက်စစ်ကလည်း ပွဲတိုင်းဂိုး​တွေသွင်း​နေတာမို့ ဒီည ပွဲစဥ်မှာလဲ နာပိုလီအသင်းပဲ အနိုင်ရသွားပါမယ်။

​ရွေးချယ်မှု – နာပိုလီ

…….

အင်တာ – ရိုးမား (10:30 PM)

အင်တာက​တော့ ပြီးခဲ့တဲ့အပတ်က အူးဒီးနီစ်အသင်းကို ရှုံးခဲ့တာ​​ကြောင့် အိမ်ကွင်းပွဲစဥ်ကို အနိုင်ကစားဖို့ ပြင်ဆင်ထားပါတယ်။ ရိုးမားကလည်း အဝေးကွင်းဆို ​ခြေစွမ်းဆိုးရွားပြီး တစ်ဂိုးရရင် ပိတ်ကစားတတ်တာမို့ အင်တာလို အသင်းကြီးနဲ့​တွေ့ရင် မ​လွယ်ပါဘူး။ ဒီပွဲစဥ်မှာ မာတီနက်၊ ဒီဇီကိုတို့ တိုက်စစ်ကပဲ ဂိုး​တွေသွင်းပြီး ရိုးမားကိုအနိုင်ရသွားမှာပါ။

​ရွေးချယ်မှု – အင်တာမီလန်

…….

စပိန်လာလီဂါ

ကာဒစ် – ဗီလာရီးရဲ (6:30 PM)

တစ်ပွဲပဲနိုင်​သေးတဲ့အသင်းနဲ့ တစ်ပွဲပဲရှုံး​သေးတဲ့ နှစ်သင်းဆုံ​တွေ့​နေတာပါ။ တိုက်စစ်ပိုင်း​ရော ခံစစ်​ရော အဖက်ဖက်ကသာ​နေတဲ့ ဗီလာရီးရဲကိုကာဒစ်မယှဥ်နိုင်ပါဘူး။ ဗီလာရီးရဲအနိုင်က လုံးဝ​သေချာပါတယ်။

​ရွေးချယ်မှု – ဗီလာရီးရဲလ်

…….

ဂီတာ​ဖေး – ဗယ်လာဒိုးလစ် (8:45 PM)

ဂီတာ​ဖေးက ​နောက်ဆုံး ၂ ပွဲဆက်အနိုင်ရပြီး ​ခြေစွမ်းထက်မြက်​နေပါတယ်။​ နောက်ဆုံး ၂ပွဲဆက် အ​ဝေးကွင်း အိမ်ကွင်းနှစ်ပွဲလုံး အနိုင်ရထားတဲ့ဂီတာ​ဖေးကို အ​ဝေးကွင်းတိုင်းရှုံး​နေတဲ့ ဗယ်လာဒိုးလစ် မယှဥ်နိုင်ပါဘူး။ဂီတာ​ဖေးအနိုင်ပါ။

​ရွေးချယ်မှု – ဂီတာ​ဖေး

…….

ဖရန့်ဖတ် – ယူနီယံဘာလင် (8:00PM)

ဖရန့်ဖတ်က​တော့ တိုက်စစ်ထက်မြက်ပြီး ဖွင့်​ဆော့တဲ့အသင်းပါ။ ဒီရာသီမှာလုံးဝရှုံးပွဲမရှိဘဲ ဘိုင်ယန်လိုအသင်းကို​တောင် သ​ရေကန်ပြီး အဆင့် ၁​ နေရာ ရထားတာ ယူနီယံဘာလင်ပါ။ ဖရန့်ဖတ်​ကောင်းတာမှန်​ပေမယ့် ​အဆင့် ၁​ နေရာက ယူနီယံဘာလင်ကို​တွေ့ဆုံရာမှာ ​ခြေ​ချော်လက်​ချော်ဖြစ်နိုင်ပါတယ်။ ဒီပွဲစဥ်မှာ​တော့ အဆင့် ၁​နေရာကို ထိန်းထားမယ့် ယူနီယံဘာလင် သ​ရေနဲ့အနိုင်ပါပဲ။

​​ရွေးချယ်မှု – ယူနီယံဘာလင်

…….

ကိုးလုံး – ​ဒေါ့မွန် (8:00 PM)

​ကိုးလုံးက ဒီရာသီ နိုင်ပွဲ​တစ်ပွဲသာရပြီး သ​ရေပွဲ​တွေများ​နေပါတယ်။​ ဒေါ့မွန်က​တော့ ဇယားထိပ်ကို​ရောက်ဖို့ဆိုရင် ဒီပွဲစဥ်ကိုမဖြစ်မ​နေ အနိုင်ကစားမှ ရပါမယ်။ ပွဲတိုင်း ဂိုး​ပေး​နေရတဲ့ကိုးလုံးကို ​ဒေါ့မွန်အသင်း အနိုင်ရသွားမှာပါ။

​ရွေးချယ်မှု – ​ဒေါ့မွန်

Leave a Reply

Your email address will not be published. Required fields are marked *