MT News

Written by Nay Moe

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာကျေးရွာတွင် ၂ လကြာ တပ်စွဲထားသည့် SAC ၏ လခရအဖွဲ့ဝင်များအား PDF မဟာမိတ်တပ်ဖွဲ့ ၂၀ ခန့်မှ လက်နက်ငယ်များ၊ လက်လုပ် ၆၀ မမ များဖြင့် အချိန် တစ်နာရီခန့်ကြာ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုအား စက်တင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး PDF မဟာမိတ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ လခရများ ထိခိုက်မှု ရှိ မရှိ အသေးစိတ်ကို စုံစမ်းနေသည်ဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးကို တောကျီးကန်းစစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့  (ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၃) မှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေစကြိုမြို့နယ် (ပကဖ)၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၁)၊ Thwaythauk Revolution Force (ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၂)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၃)၊ People’s Defence Force-Mandalay (မန္တလေးခရိုင် တပ်ရင်း-၃)၊ ဒေါင်းညီနောင် (မန္တလေးခရိုင် တပ်ရင်း-၃၊ တပ်ခွဲ-၃)၊ Black Wolf People’s Defense Force (မန္တလေးခရိုင် တပ်ရင်း-၃၊ တပ်ခွဲ-တပ်ခွဲ၃)၊ K.N.T ပြောက်ကျားတပ်ဖွဲ့၊ Y.L.K ပြောက်ကျားတပ်၊ Farmer Defense Force၊ Shwe Lal Kyun LPDF၊ ရဲဘော်ညီနောင်၊ နဂါးနီ ပြောက်ကျားတပ်၊ ငဘ ပြောက်ကျားတပ်ဖွဲ့ နှင့်အတူ တခြားသော မဟာမိတ် PDF များမှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *