၃.၁၁.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂ဝ၂၆) ကို နိုဝင်ဘာဘာ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ကြေညာချက်အမှတ် (၄/၂၀၂၆)ဖြင့် နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၇ နှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့အရ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင်လည်း တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့)ကို နိုဝင်ဘာ ၂ ရက်၊ နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
