၂၀. ၁၂. ၂၀၂၂

MT News Debate

NLD အစိုးရဟောင်းနဲ့ တပ်မတော် ပဋိပက္ခအစ အာဏာထိန်းသိမ်းပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်ဆိုတာကို မယုံကြည်ဘူး ရွေးကောက်ပွဲ ပြန်လုပ်ပေးမှာ မဟုတ်ဘူးဆိုပြီး လက်နက်ဆွဲကိုင် တော်လှန်ခဲ့သူတွေက လက်ရှိအချိန် SAC က အမှန်တကယ် ရွေးကောက်ပွဲကျင်းပပေးဖို့ လုပ်ဆောင်မှုတွေ မြင်လာချိန်မှာလည်း ဒီရွေးကောက်ပွဲကို လက်မခံနိုင်ဘူးဆိုပြီး နိုင်ငံတကာက ဖိအားပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ ၂၀၂၃ PR ရွေးကောက်ပွဲကို ဖျက်ဆီးမယ်ဆိုပြီး ကြွေးကြော်လုပ်ဆောင်နေတာကို တွေ့လာနေရပါတယ်။

NUG ရဲ့ ယာယီသမ္မတ တာဝန်ရယူထားတဲ့ ဒူဝါလရှီးလဆိုရင်လည်း ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်လို့တောင် စိန်ခေါ်ထားတော့ SAC က ရွေးကောက်ပွဲကျင်းပမယ်ဆိုတာနဲ့ NUG က ပြည်ပနိုင်ငံတွေ အားကိုး၊ လက်နက်ကိုင်အားကိုးနဲ့ ရွေးကောက်ပွဲဖျက်လို့ အမှန်တကယ် ရွေးကောက်ပွဲပျက်သွားမယ်ဆိုရင် တိုင်းပြည် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို MT News သတင်းဌာနရဲ့ ဒုတိယအကြိမ် Debate အဖြစ် အယ်ဒီတာအဖွဲ့က ရွေးချယ်ထားပြီး ဒီရွေးကောက်ပွဲပျက်မယ်ဆို မြန်မာနိုင်ငံမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ယဉ်ကျေးစွာ ဆွေးနွေးငြင်းခုန်စေလိုပါတယ်။

MT News သတင်းဌာနအနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲသာ ပျက်သွားမယ်ဆို “ ၂၀၂၃ ရွေးကောက်ပွဲသာ ပျက်ပြားပါက လာမည့်နှစ် ၂၀၂၃ ဩဂုတ်လ လွန်သည်နှင့်တစ်ပြိုင်နက် NUG လက်ရှိသတ်ဖြတ်ထားသည့် လူပေါင်း ၂၅၀၀၀ ထက် အဆ ၁၀၀ မကဆိုးသည့် လူသိန်းချီ သတ်ဖြတ်ခံရမှုများ ရက်ပိုင်းလပိုင်းအတွင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသလို အလွန်ပြင်ရခက်သည်ဟု နာမည်ဆိုးနှင့်ကျော်ကြားသည့် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေထက် အဆ ၁၀၀ မက ပြင်ရခက်သော အခြေခံ ဥပဒေတစ်ခုမှာလည်း အချိန်အပိုင်းအခြားအကန့်အသတ်မရှိ ရေးဆွဲအတည်ပြုသွားနိုင်သည်” လို့လည်း MT News သတင်းဌာန အယ်ဒီတာ့အာဘော်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ နိုင်ငံတော်ကို အုပ်ချုပ်နိုင်စွမ်း၊ ထိန်းကျောင်းနိုင်စွမ်းမရှိဘဲ ပြည်ပမှာ တိမ်းရှောင်နေပြီး ရွေးကောက်ပွဲဖျက်ဆီးရေး လုပ်ဆောင်မယ်ဆိုတဲ့သူတွေဟာ တပ်မတော်အစိုးရ အာဏာသက်တမ်းရှည်ကြာဖို့အတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးနေတာလို့ ဝေဖန်မှုတွေလည်း တွေ့မြင်လာရတဲ့အတွက် “၁။ ၂၀၂၃ ရွေးကောက်ပွဲပျက်ပြားသွားပါက နိုင်ငံတော်အနေဖြင့် မည်သို့ ကြုံလာရမည်။ ၂။ ၂၀၂၃ ရွေးကောက်ပွဲ ဖြစ်မြောက်ပါက မြန်မာနိုင်ငံတွင် မည်သို့ ကြုံရနိုင်မည်။ ၃။ ၂၀၂၃ ရွေးကောက်ပွဲသည် SAC ၏ ထွက်ပေါက် သို့မဟုတ် နိုင်ငံအေးချမ်းတည်ငြိမ်ရေးနှင့် နိုင်ငံတကာဖိအား လျော့ကျရေးအဖြေ ဟုတ် မဟုတ်။ ၄။ ၂၀၂၃ ရွေးကောက်ပွဲပျက်ပြားသွားပြီး ကာလစည်းကမ်းသတ်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်သည့် အခြေအနေကို ဆိုက်ရောက်မည်ဆိုပါက တပ်မတော်မှ ဦးဆောင်ရေးဆွဲမည့် ဖက်ဒရယ်ဒီမိုကရေစီ PR အခြေခံဥပဒေ ပေါ်ပေါက်လာနိုင်ဖွယ် ရှိ မရှိ” စတဲ့အချက်တွေကို ယဉ်ကျေးသိမ်မွေ့စွာ ဆွေးနွေးစေလိုပါတယ်။

ဒုတိယအကြိမ် Debate မှာလည်း ပထမအကြိမ်လိုပဲ အကောင်းဆုံး ဝေဖန်ဆွေးနွေးနိုင်တဲ့ ပထမဆုရရှိသူကို ကျပ် ၅၀၀၀၀၊ ဒုတိယရရှိသူကို ကျပ် ၃၀၀၀၀ နဲ့ တတိယရရှိသူကို ကျပ် ၂၀၀၀၀ စီ အသီးသီး MT News က ချီးမြှင့်သွားမှာဖြစ်ပါတယ်။

စည်းကမ်းချက်များ

၁။ အကောင့်တုဖြစ်စေ၊ အကောင့်စစ်ဖြစ်စေ မည်သူမဆို ဝင်ရောက်ဆွေးနွေးနိုင်မည်ဖြစ်ပြီး K Pay မှသာ ဆုငွေချီးမြှင့်မည်ဖြစ်ကာ ဆုရရှိသူ အချက်အလက်လုံခြုံရေး MT News အယ်ဒီတာအဖွဲ့က ကာကွယ်ပေးမည်ဖြစ်သည်။

၂။ ဝင်ရောက်ဆွေးနွေးသူသည် Myanmar Transparency News Page ကို Like & Follow လုပ်ထားပြီး ယခုပိုစ့်ကို Public ဖြင့် Share ရမည်ဖြစ်ကာ ဆုရရှိချိန်တွင် ထိုအချက်များကို Screen Shot ဖြင့် သက်သေပြသနိုင်ရမည် ဖြစ်သည်။

၃။ မိမိဝင်ရောက် ထင်မြင်ငြင်းခုန်သည့် MT News Debate ပိုစ့်အောက်တွင် မိမိမိတ်ဆွေများကို Like & Reaction ပေးရန် ဖိတ်ခေါ်ခြင်းနှင့် ထင်မြင်ချက်ပေးရန် ဖိတ်ခေါ်ခြင်းများ အကန့်အသတ်မရှိ ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုသို့ ဖိတ်ခေါ်မှုနှင့် ပြန်လည်ငြင်းခုန်မှုအောက် ရိုင်းစိုင်းစွာဆဲရေးသူများကို ကွန်းမန့်ဖျက်ကာ အကောင့် Ban ပေးရန် MT News ကို တောင်းဆိုနိုင်မည်ဖြစ်သည်။

၄။ MT News ၏ Debate သည် လက်နက်ကိုင်များကို ကြောက်ရွံ့သဖြင့် မြန်မာနိုင်ငံတွင် တိတ်ဆိတ်လာနေသည့် ကြားနေပြည်သူများ၏ အသံနှင့် ထင်မြင်ချက်ကို နားထောင်လိုခြင်းနှင့် မှန်ရာကို ပြောရဲသည့်အသံများ တိတ်ဆိတ်လာနေခြင်းကို ပြည်သူ့အသံ ပြန်လည်ထွက်ပေါ်စေလိုသည့်အတွက် Debate ကျင်းပခြင်းဖြစ်သဖြင့် ရိုင်းစိုင်းဆဲဆိုသော ထင်မြင်ငြင်းခုန်မှုများကို လက်ခံမည်မဟုတ်ဘဲ ဆဲဆိုသည့်အကောင့်များကို Ban ကာ မန့်များဖျက်မည်ဖြစ်သည်။

၅။ ဆုချီးမြှင့်မည့်ပုံစံမှာ – ဒီဇင်ဘာ ၂၀ ရက် ပိုစ့်တင်ချိန်မှ ဒီဇင်ဘာ ၂၃ ရက်အတွင်း ငြင်းခုန်နိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီအချိန် ရှိနေသည့် ကွန်းမန့်များမှ Like & Reaction အများဆုံးရရှိထားသူအား ပထမသတ်မှတ်ကာ ကျပ် ၅၀၀၀၀၊ ဒုတိယအများဆုံးရရှိသူအား၊ ကျပ် ၃၀၀၀၀၊ တတိယအများဆုံးရရှိသူအား ကျပ် ၂၀၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

၆။ သို့သော် ချီးမြှင့်မည့် Commentator များ၏ ထင်မြင်ချက်အပေါ် Like & Reaction ပေးသူမှာ အနည်းဆုံး ၅၀ အထက် ရှိရမည်ဖြစ်ပြီး Like & Reaction ၅၀ မကျော်ပါက MT News အယ်ဒီတာအဖွဲ့မှ စိတ်ကြိုက်ရွေးချယ်ကာ နှစ်သိမ့်ဆု ကျပ် ၁၀၀၀၀ သုံးဆုသာ ချီးမြှင့်မည်ဖြစ်သည်။

၇။ သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီခြင်းကြောင့် အငြင်းပွားမှုဖြစ်ပေါ်ပါက MT News အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

MT News အယ်ဒီတာအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *