၂၀. ၁၂. ၂၀၂၂
Written by Pan Ei

တောင်ကိုရီးယား နာမည်ကျော် မိန်းကလေးအဖွဲ့ ဖြစ်တဲ့ TWICE အဖွဲ့ ရဲ့ အဖွဲ့ဝင် Son Chaeyoung ဟာ League of Legends: Wild Rift ဆော့တယ်လို့ အတည်ပြုခဲ့ပါတယ်။

မကြာသေးမီက သူမရဲ့ အင်စတာဂရမ် အမေးအဖြေကဏ္ဍတစ်ခုမှာ ပရိသတ်တစ်ယောက်က သူမ ပျင်းတဲ့အချိန် ဘာဂိမ်းကစားရတာ အကြိုက်ဆုံးလဲလို့ မေးခဲ့ရာမှာတော့ Chaeyoung က “Wild Rift က အရမ်းမိုက်တယ်” လို့ ဖြေကြားခဲ့ပြီး ဂိမ်းဇာတ်ကောင်တွေ ဖြစ်ကြတဲ့ ချန်ပီယံ Jhin နဲ့ Jinx တို့ရဲ့ ပုံတွေကိုပါ တွဲတင်ခဲ့ပါတယ်။

အဆိုပါ သတင်းထွက်ပေါ် ပြီးတာနဲ့ တစ်ပြိုင်နက် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ “Onces”လို့ ခေါ်ကြတဲ့ Twice ပရိသတ်တွေက Chaeyoung ဆော့နေတာကြောင့် Wild Rift ကို ဒေါင်းလုဒ်ဆွဲမယ်လို့ ပြောခဲ့ကြပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ TWICE အဖွဲ့ဝင်လေးဦးနဲ့အတူ Bekuh BOOM၊ Annika Wells တို့တွဲဖက်သီဆိုထားတဲ့ Wild Rift ဂိမ်းရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “I’ll Show You” သီချင်းမှာလည်း Chaeyoung ဟာ ချန်ပီယံ Ahri နေရာကနေ သီဆိုခဲ့ဖူးပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ တရားဝင် Esports ဂိမ်းအဖြစ် သတ်မှတ်ထားတဲ့ League of Legends: Wild Rift ကို Twice အဖွဲ့ဝင် Chaeyoung သာမက Girls’ Generation အဖွဲ့ဝင် Yoona၊ Stray Kids အဖွဲ့ဝင် Felix စတဲ့ အခြားသော အနုပညာရှင်တွေ၊ အဆိုတော်တွေလည်း ကစားကြပါတယ်။

Ref; Inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *

Related News