March 29, 2024

၃၀. ၉. ၂၀၂၂

MT News

ဒီညမှာတော့ နှစ်ပတ်ကြာရပ်နားထားတဲ့ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေ ပြန်လည်သက်ဝင်စတင်လာကြပါပြီ။ သောကြာညဖြစ်လို့ ပွဲမစုံသေးပေမယ့် စပိန်လာလီဂါ၊ ဂျာမန်ဘွန်ဒက်လီဂါ၊ ပြင်သစ်လီဂူး တို့လို ထိပ်သီးပြိုင်ပွဲတွေရှိနေပါတယ်။

ဘောလုံးချစ်ပရိတ်သတ်တွေအတွက် လာလီဂါက ဘီဘာအို-အယ်မီးရီးယားပွဲ၊ ဘွန်ဒက်လီဂါက ဘိုင်ယန်မြူးနစ်-လေဗာကူဆင်ပွဲ၊ ပြင်သစ်လီဂူးက အန်းဂါး-မာဆေးလ်ပွဲအပြင် အင်္ဂလန်ချန်ပီယံရှစ်က ဟူးစီးတီး-လူတန်တောင်းပွဲတွေကို MT News က ပွဲကြိုသုံးသပ်ခန့်မှန်းပေးထားပါတယ်။

စပိန်လာလီဂါ

ဘီဘာအို – အယ်မီးရီးယား (1:30 AM)

​ဘီဘာအိုက ယခုရာသီမှာ ရာသီအစကတည်းက ​ခြေစွမ်းပြကစား​နေပြီး ၆ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁ ပွဲသ​ရေနဲ့ ၁၃ မှတ်နဲ့ အဆင့် ၄​ နေရာမှာရပ်တည်​နေပါတယ်။ ဘီဘာအိုက ဒီရာသီအ​ဝေးကွင်း ​ခြေစွမ်းပြ​နေပြီး ၂ ပွဲလုံး ၄ ဂိုးနဲ့ အနိုင်ရထားတာ ထူးခြားချက်ပါ။ အယ်မီးရီးယားက​တော့ အ​ဝေးကွင်းဆို ​​ခြေစွမ်းက ဆိုးရွား​နေတဲ့အပြင် လက်ရှိမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၆​ နေရာမှာရပ်တည်​နေပါတယ်။ ဒီပွဲစဥ်မှာ​တော့ ဘီဘာအိုက Berenguer တို့အုပ်စုကပဲ ဂိုး​တွေသွင်းပြီး 1-0/2-0 နဲ့ အနိုင်ရသွားမှာပါ။

​ရွေးချယ်မှု -ဘီဘာအို

…………

ဂျာမန်ဘွန်ဒက်လီဂါ

ဘိုင်ယန်မြူးနစ် – လေဗာကူဆင် (1:00 AM)

ဘိုင်ယန်မြူးနစ်အသင်းအ​နေနဲ့ ဘွန်ဒက်လီဂါမှာ ​နောက်ဆုံး​လေးပွဲရလဒ်က စိတ်ပျက်စရာ​တော်​တော်​ကောင်း​နေပါတယ်။​ နောက်ဆုံးမှာ နိုင်ပွဲမရရှိဘဲ ၃ ပွဲသ​ရေ၊ တစ်ပွဲရှုံးခဲ့ပါတယ်။​ လေဗာကူဆင်ကလည်း ရာသီအစကတည်းက ဆက်တိုက်ကံဆိုး​နေပြီး ရမှတ် ၅ မှတ်နဲ့ တန်းဆင်းဇုန်အ​ပေါ်နားမှာ ဂနာမငြိမ် ယက်ကန်ယက်ကန်ဖြစ်​နေပါတယ်။ ကြားရက်မှာ နှစ်သင်းလုံး ချန်ပီယံလိဂ်ရှိ​နေ​ပေမယ့် နှစ်သင်းလုံး အနိုင်ရဖို့လိုအပ်​နေတာ​​ကြောင့် လူစုံတက်စုံပွဲထွက်လာမှာပါ။ ဒီပွဲစဥ်မှာ​တော့ နှစ်ဖက်သွင်းဂိုး ဂိုး​ပေါ်နိုင်ပြီး တစ်ဖက်နဲ့တစ်ဖက်ဂိုး​တွေသွင်းရင်း ဘိုင်ယန်မြူးနစ်အသင်းပဲ အနိုင်ရရှိသွားမှာပါ။

​ရွေးချယ်မှု -ဘိုင်ယန်မြူးနစ်နှင့်ဂိုး​ပေါ်

……..

အဂ်လန်ချန်ပီယံရှစ်

ဟူးလ်စီးတီး – လူတန်​တောင်း

​ခြေစွမ်းမကွာဟတဲ့ နှစ်သင်း​တွေ့ဆုံတဲ့ပွဲပါ။ ဟူးလ်စီးတီးက ​နောက်ဆုံး ၄ပွဲဆက်ရှုံးထား​ပြီး လူတန်က​တော့​နောက်ဆုံး​ခြောက်ပွဲမှာ ၁ ပွဲသာရှုံး​အောင် ကစားခဲ့ပါတယ်။ ဆက်တိုက်ရလဒ်​ကောင်း​အောင် ကြိုးစား​နေတဲ့ လူတန်အသင်းပဲ ထိုက်တန်တဲ့​အောင်ပွဲကို ရယူသွားမယ်လို့ ထင်ပါတယ်။ လူတန် သ​ရေနဲ့အနိုင်ပါ။

​ရွေးချယ်မှု – လူတန်

……..

ပြင်သစ်လီဂူး-1

အန်းဂါး – မား​ဆေးလ် (1:30 AM)

ဒီရာသီမှာ ရှုံးပွဲမရှိ​သေးတာ မာ​ဆေးလ်နဲ့ PSG ပါ။ အန်ဂါးက​ နောက်ဆုဲး၂ ပွဲဆက် အနိုင်ရခဲ့​ပေမယ့် သူတို့အိမ်ကွင်းမှာရင်ဆိုင်ရမှာက ဒီရာသီ ထူးထူးခြားခြား​ခြေစွမ်းပြ​နေတဲ့ မာ​ဆေးလ်အသင်းပါ။ ထိပ်တိုက်​တွေ့ဆုံမှုမှာလည်း မာ​ဆေးက အသာရ​နေတာမို့ အန်ဂါးကို မား​ဆေးလ်အသင်းကပဲ အနိုင်ရသွားဖို့များပါတယ်။

​ရွေးချယ်မှု – မာ​ဆေး

Leave a Reply

Your email address will not be published. Required fields are marked *