March 29, 2024

ကျည်ထိမှန်ဒဏ်ရာရသည့် ပြည်သူအား ဆေးအဖွဲ့မှ ကုသမှု ပြုလုပ်ပေးစဉ်

Written by Nay Moe

ပြည်သူများစီးနင်းလိုက်ပါလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဥ်ကို KNPP နှင့် PDF က ပစ်ခတ်သဖြင့် လေယာဥ်ဝမ်းဗိုက်ဖောက်ဝင်ကာ ပြည်သူတစ်ဦး ဝဲဘက်ပါး ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု SAC က စက်တင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၃၀ ရက် ယနေ့ နံနက်ပိုင်းတွင် ခရီးစဉ်အမှတ် UB – 149 ဖြင့် ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန် လေယာဉ် ဆင်းသက်ခြင်း လုပ်ငန်းစဉ်များအတိုင်း ပြုလုပ်လျက်ရှိစဉ် အမြင့်ပေ ၃၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် KNPP နှင့် PDF တို့က လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

”လေယာဥ်အဆင်း ကွင်းထိပ်နားကနေ စောင့်ပစ်တယ်လို့ သိရပါတယ်။ အမျိုးသားတစ်ဦးထိမှန်ပြီး လက်ရှိတော့ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေပါတယ်” ဟု အဆိုပါဖြစ်စဥ်သိရှိသူ လေယာဥ်မှူးကြီးတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *