၂၂. ၅. ၂၀၂၄
Written by Ye Kyaw

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ယနေ့)တွင် ရွှေတိဂုံစေတီတော်၌ နံနက် ၇ နာရီမှစတင်ပြီး ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ခဲ့သည်။

ကဆုန်လပြည့်နေသည့် ဗုဒ္ဓဘုရားရှင်တော်၏ “ဗျာ၊ ဖွား၊ ပွင့်၊ စံ” ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး အဆိုပါနေ့တွင် ကဆုန်ညောင်ရေသွန်းလောင်းလှူခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ အထွဋ်အမြတ်ထားရာ စေတီဘုရားများကို သွားရောက်ဖူးမြော်ခြင်းတို့ကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်၏ ၄၁ ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကြီးကို ကဆုန်လပြည့်နေ့ (မေလ ၂၂ ရက်) နံနက် ၇ နာရီမှစတင်၍ စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်တွင် ရွှေတိဂုံစေတီတော်သြဝါဒစရိယယဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဂေါပကအဖွဲနှင့် ရုံးဝန်ထမ်းများပါဝင်ကာ ကုသိုလ်ပြုလုပ်ခဲ့ပြီး ဘုရားဖူးလာသူအများပြည်သူများကလည်း ညောင်ရေလောင်းလှူကြခြင်းဖြစ်သည်။

စေတီတော်ရင်ပြင်တော် ထောင့်လေးထောင့်ရှိ ဗောဓိညောင်ပင်များတွင်လည်း ဘုရားဖူးလာပြည်သူများ လွယ်ကူစွာ ညောင်ရေသွန်းလောင်ပူဇော်ရန်အတွက်ကိုလည်း စီစဉ်ထားကာ ကုသိုလ်ပြု ညောင်ရေသွန်းလောင်သူများဖြင့် စည်ကားလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *